ကျောင်းဝတ်စုံ အဖြူအစိမ်း
မြန်မာနိုင်ငံရှိ ကျောင်းယူနီဖောင်း
မြန်မာနိုင်ငံရှိ အခြေခံပညာကျောင်းများ၏ ကျောင်းဝတ်စုံကို အဖြူအစိမ်း ဟု အရောင်ကိုအစွဲပြုကာ မှည့်ခေါ်ကြသည်။ ၁၉၆၆ ခုနှစ်မှစတင်၍ အစိုးရကျောင်းများတွင် ကျောင်းသားကျောင်းသူများနှင့် ဆရာဆရာဆရာမများ အားလုံး အဖြူအစိမ်းဝတ်စုံဝတ်ဆင်ကြရသည်။
သမိုင်းကြောင်း
ပြင်ဆင်ရန်၁၉၆၆ ခုနှစ်မတိုင်မီက မြန်မာနိုင်ငံရှိ ကျောင်းတစ်ကျောင်းစီတွင် ကိုယ်ပိုင်ကျောင်းဝတ်စုံများရှိခဲ့ကြသည်။
၁၉၆၆ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် တော်လှန်ရေးအစိုးရပညာရေးဌာနက မြန်မာတစ်နိုင်ငံလုံးရှိ ကျောင်းများမှ ကျောင်းသူကျောင်းသားများနှင့် ဆရာဆရာမများ အားလုံး တူညီဝတ်စုံများ ဝတ်ဆင်ရန်အမိန့်ထုတ်ပြန်ခဲ့သည်။[၁] ထိုအခါ ရန်ကုန်မြို့မကျောင်းဝတ်စုံ အဖြူအစိမ်းကို တစ်နိုင်ငံလုံး၏ ကျောင်းဝတ်စုံအဖြစ် သတ်မှတ်လိုက်ကြတော့သည်။[၂]
ကိုးကား
ပြင်ဆင်ရန်- ↑ စံပြဗဟုသုတဘဏ်။ ၁။ စံပြစာတည်းအဖွဲ့။ ၁၉၇၀။ p. ၄၂။
- ↑ "နှစ်တစ်ရာပြည့် မြို့မအမျိုးသားကျောင်း"။ 6 February 2022 တွင် ပြန်စစ်ပြီး။ Archived from the original on 6 February 2022။