ကျော်ကျော်မောင်
ဦးကျော်ကျော်မောင် (၁၉၃၉ ဖွား) သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။[၁] အစိုးရအဖွဲ့ ၃ ဆက်အထိ ၃ကြိမ်တိုင်တိုင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ၏ ဥက္ကဋ္ဌ အဖြစ် ခန့်အပ်တာဝန်ပေးခံခဲ့ရ၍ သူသည် သက်တမ်းအရှည်ကြာဆုံး တာဝန်ပေးခံရသူ အဖြစ် စံချိန်တင်သည်။သူ၏ ဗဟိုဘဏ်ဥက္ကဋ္ဌ ထမ်းဆောင်သက်မှာ ၁၈ နှစ် အထိ ရှိခဲ့သည်။
ကျော်ကျော်မောင် | |
---|---|
၁၂ ဦးမြောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ | |
တာဝန်သက်တမ်း ၃၁ ဇူလိုင် ၂၀၁၈ – ၁ ဖေဖော်ဝါရီ ၂၀၂၁ | |
သမ္မတ | ဦးဝင်းမြင့် |
ယခင်လူ | ဦးသန်းညိန်း |
ဆက်ခံသူ | ဦးသန်းညိန်း |
၁၁ ဦးမြောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ | |
တာဝန်သက်တမ်း ၁ ဩဂုတ် ၂၀၁၃ – ၃၁ ဇူလိုင် ၂၀၁၈ | |
သမ္မတ | ဦးသိန်းစိန် ဦးထင်ကျော် ဦးဝင်းမြင့် |
ယခင်လူ | ဦးသန်းညိန်း |
ဆက်ခံသူ | ဦးသန်းညိန်း |
၉ ဦးမြောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ | |
တာဝန်သက်တမ်း ၂၀ နိုဝင်ဘာ ၁၉၉၇ – ၁၁ ဧပြီ ၂၀၀၇ | |
ခေါင်းဆောင် | နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ |
ယခင်လူ | ဦးကြည်အေး |
ဆက်ခံသူ | ဦးသန်းညိန်း |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | မန္တလေးမြို့ | ဧပြီ ၁၂၊ ၁၉၃၉
လူမျိုး | မြန်မာ |
ကြင်ဖော်(များ) | ဒေါ်ညွှန့်ညွှန့်ရီ |
သားသမီး | စောထွန်းကျော် နေထွန်းကျော် မီမီကျော် ဖြူဖြူကျော် |
အလုပ်အကိုင် | စီးပွားရေးပညာရှင် |
ငယ်ဘဝ ပြင်ဆင်ရန်
အဖ ဦးမောင်မောင်၊အမိ ဒေါ်ကြင်ကြင် တို့က သူ့အား မန္တလေးမြို့ တွင် မွေးဖွားခဲ့သည်။
ပညာအရည်အချင်း ပြင်ဆင်ရန်
သူသည် ဆယ်တန်း အောင်ပြီးနောက် စီးပွားရေးဆိုင်ရာပညာရပ်အား ဆည်းပူးသင်ကြားသည်။ B.Com (ဝါဏိဇ္ဇဝိဇ္ဇာ) ဘွဲ့ ရရှိသည်။[၂]
ဝန်ထမ်းဘဝ ပြင်ဆင်ရန်
သူသည် ဘွဲ့ရပြီးနောက် မြန်မာ့စီးပွားရေးဘဏ် တွင် ဝန်ထမ်းအဖြစ် အလုပ်ဝင်ပြီး ဘဝဖြတ်သန်းခဲ့သည်။ရာထူးအဆင့်ဆင့် တိုးသည်။၁၉၇၀ ပြည့်နှစ် အလွန်ကာများတွင် မြန်မာ့စီးပွားရေးဘဏ် မှ တဆင့် ဗဟိုဘဏ် သို့ ကူးပြောင်းသည်။
ဗဟိုဘဏ်ဥက္ကဋ္ဌ ဘဝ ပြင်ဆင်ရန်
၁၉၉၇ ခုနှစ် နိုဝင်ဘာလ ၂၀ရက် တွင် ဗဟိုဘဏ် ဥက္ကဋ္ဌ အဖြစ် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ က ခန့်အပ်လိုက်၍ သူသည် ဗဟိုဘဏ် ၏ ၉ ဦးမြောက် ဥက္ကဋ္ဌ ဖြစ်လာသည်။ ထိုတာဝန် ကို ၁၀ နှစ် ကြာ တာဝန်ထမ်းသည်။ သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့ လက်ထက် ၂၀၁၃ ခုနှစ် ဩဂုတ် ၁ရက်နေ့တွင် သူသည် ဗဟိုဘဏ် ဥက္ကဋ္ဌ အဖြစ် ရွေးချယ်တင်မြှောက်ခံရသည်။ သက်တမ်း ၅နှစ် ပြည့်သည်အထိ တာဝန်ထမ်းဆောင်ပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ က သူ့ကိုပင် ဗဟိုဘဏ်ဥက္ကဋ္ဌ အဖြစ် ဆက်လက်တာဝန် ပေးသည်။[၃] [၄] ထိုတာဝန် အား ၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်း သည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့သည်။
ဝေဖန်ခံရမှုများ ပြင်ဆင်ရန်
အရေးယူပိတ်ဆို့ခံရမှုများကြောင့် နိုင်ငံတကာ နှင့် ကင်းကွာနေသည့်ကာလ အပါအဝင် ၂ဝဝ၃ ခုနှစ် မြန်မာနိုင်ငံ ဘဏ်လုပ်ငန်းအကျပ်အတည်း ကာလတစ်လျှောက် သူသည် ဗဟိုဘဏ် ဦးဆောင်ခဲ့သူဖြစ်ခဲ့သော်လည်း အကျပ်အတည်းအား ကန့်သတ်ရန် လုံလောက်သည့် လုပ်ဆောင်ချက်များ မလုပ်ခဲ့သူ ဟု စွပ်စွဲခံရဖူးသည်။[၅] ယင်းအပြင် ၂၀၁၈ ခုနှစ်က ၎င်း၏ နောက်ထပ်သက်တမ်းအား သမ္မတဦးဝင်းမြင့် က တိုးသည့်အခါတွင်လည်း မြန်မာ့စီးပွားရေးအား တိုးတက်အောင် မလုပ်ဆောင်နိုင်ခဲ့သူ တစ်ဦး အဖြစ် ပုံဖော်ဝေဖန်ခံရသည်။[၆] [၇]
မိသားစုဘဝ ပြင်ဆင်ရန်
သူသည် အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး၊သားသမီး ၄ ဦး ထွန်းကားခဲ့သည်။
ကိုးကား ပြင်ဆင်ရန်
- ↑ မြန်မာနိုင်ငံတော်ဗဟိုဘဏ်တွင် တာဝန်ထမ်းဆောင်ခဲ့သော ဥက္ကဋ္ဌကြီးများ။ Central Bank of Myanmar။ 25 March 2024 တွင် ပြန်စစ်ပြီး။
- ↑ ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် ဦးကျော်ကျော်မောင်ကိုခန့်အပ်ရန် သမ္မတ အဆိုပြု။ ဆင်ဟွာသတင်း (၂၆ ဇူလိုင် ၂၀၁၈)။ ၂၅ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ လက်ရှိဗဟိုဘဏ် ဥက္ကဋ္ဌကို သက်တမ်းတိုးဖို့ သမ္မတ အဆိုပြု။ BBC Burmese (၂၆ ဇူလိုင် ၂၀၁၈)။ ၂၅ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ Myanmar's veteran central bank chief gets another term။ Reuters (26 July 2018)။ 25 March 2024 တွင် ပြန်စစ်ပြီး။
- ↑ ဗဟိုဘဏ်ဥက္ကဋ္ဌသစ် ဘယ်သူဖြစ်လာမလဲ။ Frontier Myanmar (၄ ဇွန် ၂၀၁၈)။ ၂၅ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ဗဟိုဘဏ်ဥက္ကဋ္ဌပြန်လည် ခန့်အပ်မှုအပေါ် အမြင်သဘောထားများ။ VOA Burmese (၆ ဩဂုတ် ၂၀၁၈)။ ၂၅ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ရာထူးအတွက် ယခင်အစိုးရလက်ထက်က စတင်တာဝန်ယူခဲ့သော လက်ရှိဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်အား ဆက်လက်ခန့်ထားရန် အမည်စာရင်းတင်သွင်းခဲ့ပြီး အပြောင်းအလဲကို ဆောင်ရွက်နိုင်လိမ့်မည်ဟု မမျှော်လင့်ကြောင်း NLD ပါတီလွှတ်တော်ကိုယ်စားလှယ် ပြောကြား။ Eleven Media Group (၂၇ ဇူလိုင် ၂၀၁၈)။ ၂၅ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။