ကျော်စွာဝင်း (ရုပ်ရှင်သရုပ်ဆောင်)

မင်းသားကျော်စွာဝင်း

ပြင်ဆင်ရန်

စွယ်စုံရမင်းသားကြီး ဝင်းဦး၏ မွေးစားသားအဖြစ် လူသိများသော မင်းသားကျော်စွာဝင်း သည် မေလ၁၁ ရက်နေ့တွင် ကွယ်လွန်အနိစ္စရောက်သွားပြီဟုသိရသည်။ မေလ ၁၃ရက်နေ့ ညနေ၃နာရီတွင်ရေဝးသုသန်သို့ ပို့ဆောင်မီးသင်္ဂြိုဟ်မှာဖြစ်ပြီး ကွယ်လွန်သူအားရည်စူးပြီး ၁၇ ရက်နေ့မနက် ၇နာရီမှ၁၂အထိ ရန်ကုန်မြို့ အမှတ် ၂၆ သရဖီလမ်း၊ အလုံမြို့နယ် နေအိမ်တွင် ရက်လယ် ဆွမ်းကျွေးမည်ဟုသိရသည်။ မင်းသားကျော်စွာဝင်းနဲ့ ဇာတ်ကားတွဲရိုက်ဖူးသူ ဒါရိုက်တာ ပန်းချီစိုးမိုးက “ သူနဲ့ဇာတ်ကားတစ်ကားရိုက်ဖူးတယ်။ အန်တီညိုနဲ့ပဲ။ ဝင်းဦးကသူ့ကိုဖြစ်စေချင်တယ်။ ခက်တာကသူ့ကို အရက်ကဖျက်တယ်။ သူနဲ့ရိုက်ခဲ့တဲ့ကားလည်း ရုံတင်တော့ တော်တော်ကို မြတ်တယ်။ သူ့မှာအနုပညာပါပေမယ့် အရက်ကြောင့် ဒီလိုဖြစ်တာ မျိုးဆက်သစ်လူငယ်တွေအတုယူသင့်တယ်။”ဟုဦးစိုးမိုးကပြောသည်။ အရင်ဇာတ်ကားဟောင်းများကို ပြန်လည်ဖော်ထုတ် တင်ပြသူ ဒါရိုက်တာ ကြည်စိုးထွန်းကလဲ“သူနဲ့ကားရိုက်တစ်ခါမှ မကြုံဖူးဘူး။ ဒါပေမယ့် သူသရုပ်ဆောင်ခဲ့တဲ့ ပန်းမြို့တော်သို့ ခြေလှမ်းသုံးဆယ် ဇာတ်ကားကို ပြဖို့ ဖုန်းနဲ့တစ်ခါပြောဖြစ်တယ်။ ဝင်းဦးမွေးစားသား ဆိုပြီးတော့ လူတွေသိထားတာ မိသားစုနဲ့ ထပ်တူဝမ်းနည်းပါတယ်။”ဟုဒါရိုက်တာကြည်စိုးထွန်းကပြောသည် ဦးကျော်စွာဝင်းသည် ပန်းမြို့တော်သို့ခြေလှမ်းသုံးဆယ် ဇာတ်ကားဖြစ် ထင်ရှားကျော်ကြားလာခဲ့ပြီး ထိုခေတ်ထိုခါကလူကြိုက်များခဲ့သောအမျိုးသားသရုပ်ဆောင်တစ်ဦး ဖြစ်သည်။[]

  1. ပေါ်ပြူလာဂျာနယ်၊ရန်ကုန်-မေ(၁၂)