ကျော်ရန်
ဦးကျော်ရန် (၁၂၂၉ - ၁၂++) သည် မြန်မာအမျိုးသား စာရေးဆရာတစ်ဦး ဖြစ်သည်။[၁]
ဘဝ
ပြင်ဆင်ရန်ဦးကျော်ရန်ကို ၁၂၂၉ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၅ ရက် တနင်္လာနေ့ (၁၉ ဩဂုတ် ၁၈၆၇) တွင် သာယာဝတီခရိုင် ခုနစ်ရွာမြို့၌ ဖွားမြင်ခဲ့သည်။ မိဘနှစ်ပါးမှာ ရွှေတောင်ဆရာကြီးနှင့် ဇနီးတို့ ဖြစ်ကြသည်။ [၁]
ပညာရေး
ပြင်ဆင်ရန်ငယ်စဉ်က ခုနစ်ရွာဘုန်းတော်ကြီး ဦးမာလာထံတွင် စာပေများ သင်ကြားခဲ့သည်။ ၁၂၄၄ ခုနှစ်တွင် ရန်ကုန်မြို့ အစိုးရနော်မံကျောင်းမှ ဆရာဖြစ် အောင်ခဲ့သည်။ ၁၂၅၅ ခုနှစ်အထိ ကျိုက်ထို၊ ရန်ကုန်၊ သုံးဆယ်၊ ရေကင်း၊ စစ်ကွင်း၊ ရွှေတောင်မြို့များတွင် အစိုးရလက်ထောက်ဆရာအဖြစ် လုပ်ကိုင်ခဲ့သည်။ ထိုမှတစ်ဆင့် ဒုတိယပညာအုပ်၊ ပညာအုပ်ရာထူးများသို့ တိုးကာ မြိတ်၊ ထားဝယ်၊ မြင်းခြံ၊ မိုးကုတ်၊ မန္တလေးမြို့များတွင် လုပ်ကိုင်ခဲ့သည်။[၁]
ဗုဒ္ဓဘာသာအသင်း တည်ထောင်ခြင်း
ပြင်ဆင်ရန်၁၂၆၇ ခုနှစ်တွင် အငြိမ်စား ယူခဲ့သည်။ ထို့နောက်တွင် နေမျိုးဣန္ဒာဘိသက္ကရာဇာဘွဲ့ခံ သမားတော်ဆရာပေါကို မှီလျက် လက်ဝါးတံဆိပ်ဆေးတိုက်ကို ဖွင့်လှစ်ခဲ့သည်။ မြင်းခြံမြို့တွင် ကလျာဏသင်္ဂဟအသင်းကြီးကို တည်ထောင်ခဲ့သည်။ ၁၂၆၅ ခုနှစ်တွင် မြန်မာ့ဟိတကာရီသတင်းစာကို တစ်လနှစ်ကြိမ် ထုတ်ဝေခဲ့သည်။ မန္တလေးမြို့တွင် ဗေဒင်ပညာရှိ အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။
၁၂၆၈ ခုနှစ်တွင် သူကောင်းပြုတရားသူကြီးအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။ ၁၂၇၂ ခုနှစ်တွင် အမှုထမ်းကောင်းတံဆိပ်ရမင်းဘွဲ့ကို ရရှိခဲ့သည်။ အသင်းအဖွဲ့ပေါင်းများစွာတွင် ဦးစီးခေါင်းဆောင်အဖြစ် တင်မြှောက်ခြင်း ခံခဲ့ရသည်။
ဦးကျော်ရန်သည် ဝံသာနုအအသင်းများ ပေါ်ပေါက်လာသည့်အခါ ရာထူးဘွဲ့ထူးများကို ဗြိတိသျှအစိုးရထံ ပြန်၌ ပေးအပ်ခဲ့သည်။[၁]
ကွယ်လွန်ခြင်း
ပြင်ဆင်ရန်ဦးကျော်ရန် ကွယ်လွန်ခဲ့သည့် နှစ်ကို မသိရပေ။[၁]
စာပေများ ရေးသားခြင်း
ပြင်ဆင်ရန်ဦးကျော်ရန် ရေးသားပြုစုခဲ့သည့် ကျမ်းများတွင် အောက်ပါတို့ ပါဝင်သည်။
- လထပ်ရက်ငင်အကျဉ်းတွက်ပုံကျမ်း
- ဆေးနည်းတိုလားကျမ်း(၄)စောင်တွဲ
- မြန်မာစကားပုံ(၁၀၀၀)ကျမ်း
- မှတ်ကြီး(၁၀၈)လုံး ဆုံးမစာ
- မူလပေါရာဏဒီပနီကျမ်း
- ဥက္ကာဥကြတ်စာတမ်း
- မြင်းလက္ခဏာကျမ်း
- သုရာမေရယပကာသနီကျမ်း
- မူလဆေးအဘိဓာန်ကျမ်း
- ဒွါဒရာသီကုထုံးဆေးကျမ်း