ကျော်သန်းမြင့်(ဗန်းမော်)
စာရေးဆရာကျော်သန်းမြင့် (အမည်ရင်း ကျော်သန်းမြင့်) (၁၈ အောက်တိုဘာ ၁၉၄၆ - ၃၁ မေ ၂၀၁၁) ဗန်မော်ဇာတိဖြစ်၍ အဖ ဦးချို အမိဒေါစိန်တို့၏အကြီးဆုံးသားဖြစ်ကာ မွေးချင်းလေးဦးရှိသည်။ ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာဘွဲကို ပြင်ပမှ ဖြေဆိုရရှိခဲ့သည်။
၁၉၆၅ တံခွန်ဂျာနယ်တွင်ရေးသားသောကဗျာများမှတဆင့် စာပေနယ်ထဲ ဝင်ရောက်ခဲ့သည်။ ၁၉၉၄ တွင်ဗန်းမော်မြို့နယ် သမဝါယမဦးစီးဌာန ဒုတိယဦးစီးမှူးရာထူးဖြင့် အငြိမ်းစားယူသည်။ ၂၀၀၂ မှ ၂၀၁၀ ထိ သရဖူမဂ္ဂဇင်းအယ်ဒီတာအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။
ရရှိခဲ့သောဆုများ
ပြင်ဆင်ရန်- ထွန်းဖောင်ဒေးရှင်းဆု (မြန်မာ့ရုပ်ရှင်ငွေကြယ်ပွင့်တို့၏ ရုပ်ပုံလွှာများ)
ရေးသားခဲ့သော စာအုပ်များ
ပြင်ဆင်ရန်- ဗန်းမော်မြို့ ရွှေကျီးနာဘုရား သမိုင်း (၁၉၉၄)
- သမိုင်းဖြစ်စဉ်ထဲက မင်းဆွေမင်းမျိုးတို့၏ ရုပ်ပုံလွှာများ
- စာပေအနုပညာရှင်များ
- ဗန်မော်မြို့မှ ပေါ်ထွန်းခဲ့သည့် ကျွန်းဆွယ်အားကစား ချန်ပီယံများ
- တစေ့တစောင်း ပုံရိပ်များ[၁]
ကိုးကား
ပြင်ဆင်ရန်- ↑ အလင်းတန်းဂျာနယ်၊ မေ ၆ ၂၀၁၁။