ကျေးလက်ဖွံ့ဖြိုးရေးဘဏ်လီမိတက်

ကျေးလက်ဖွံ့ဖြိုးရေးဘဏ်လီမိတက် (အင်္ဂလိပ်: Rural Development Bank Limited; အတိုကောက် RDB) သည် မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သည်။[၁]

ကျေးလက်ဖွံ့ဖြိုးရေးဘဏ်လီမိတက်
Rural Development Bank Ltd
အမျိုးအစားပုဂ္ဂလိက
လုပ်ငန်းဘဏ်
တည်ထောင်သည့်နှစ်၂၆ ဇွန် ၁၉၉၆
ဌာနချုပ်နေပြည်တော် မြန်မာ
ဆောင်ပုဒ်စီးပွားဖွံ့ဖြိုး တိုးတက်ရည်သန် ကျေးလက်ဘဏ်
ရန်ကုန်မြို့ မဟာဗန္ဓုလမ်းမပေါ်ရှိ ကျေးလက်ဘဏ်ခွဲပုံ

သမိုင်းကြောင်း ပြင်ဆင်ရန်

ကျေးလက်ဖွံ့ဖြိုးရေးဘဏ်လီမိတက် ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၁၉၉၆ ခုနှစ် ဇွန် ၂၆ ရက်နေ့တွင် ဘဏ်လုပ်ငန်းလိုင်စင်ခွင့်ပြုခဲ့သည်။ထိုဘဏ်သည် ကမ္ဘောဇဘဏ်ရိုးမဘဏ်အင်းဝဘဏ် စသည့်ဘဏ်များနှင့် ခေတ်ပြိုင်ဘဏ်တစ်ခုလည်းဖြစ်သည်။ဘဏ်ရုံးချုပ်အား နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊သိရီမင်္ဂလာဈေးဝင်း၊မြတ်ပန်းသဇင်လမ်း၊ဘဏ်အကွက်ကြီးအမှတ်(၂)တွင် ဖွင့်လှစ်ထားသည်။နှစ်ပေါင်း ၂၇နှစ်အတွင်း ရန်ကုန်၊မန္တလေးနှင့်နေပြည်တော်တို့တွင် ဘဏ်ခွဲ(၃)ခု ဖွင့်ထားသည်။ရန်ကုန်ဘဏ်ခွဲအား မဟာဗန္ဓုလလမ်း ပုဇွန်တောင်မြို့နယ် ရန်ကုန်မြို့တွင်ဖွင့်လှစ်ထားပြီး မန္တလေးဘဏ်ခွဲအား ပြည်ကြီးတံခွန်မြို့နယ် ကျွဲဆည်ကန်၊မွေးကုဦးစီးဌာနဝန်း၊ဇောင်းကလော့ကွင်း ကွင်းအမှတ်(၅၁၆)တွင် ဖွင့်လှစ်ထားရှိသည်။[၂]


ကိုးကား ပြင်ဆင်ရန်

  1. https://www.cbm.gov.mm/my/content/46
  2. မော်ကွန်းတင်ပြီးမိတ္တူ။ 12 January 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 January 2023 တွင် ပြန်စစ်ပြီး။