ကျွန်ယုံ တစ်ဖက်ကန်း၊ သားသမီးယုံ စုံလုံးကန်း

ကျွန်ယုံ တစ်ဖက်ကန်း၊ သားသမီးယုံ စုံလုံးကန်း ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက် ပြင်ဆင်ရန်

မိမိ၏ နောက်လိုက်တပည့်များကို ယုံမိလျှင် မျက်စိတစ်ဖက်ကန်းသူကဲ့သို့ ၎င်းတို့၏ အပြစ်များကို အများအားဖြင့် မမြင်နိုင်၊ မိမိသားသမီးအရင်းကို ယုံမိလျှင်မူကား စုံလုံးကန်းသူသကဲ့သို့ လုံးဝအပြစ်မမြင်နိုင်။ ဤကဲ့သို့ပင် မိမိနှင့် ရင်းနှီးမှုအတိုင်းအတာပေါ် မူတည်၍ သူတစ်ဦး၏ အပြစ်ကို မမြင်နိုင်ဘဲ ရှိသည်။

မူလရင်းမြစ် ပြင်ဆင်ရန်

  • "ကျွန်ယုံ တစ်ဖက်ကန်း၊ သားသမီးယုံ စုံလုံးကန်းဆိုတာမျိုး ဖြစ်နေပြီ။ တူသားအရင်းအချာတွေမို့ ယုံကြည်စိတ်ချပြီး မျက်နှာလွှဲထားတာ။" [၁၂၉၅] သူရိယ၊ ၁၇။ ၉။

ကျမ်းကိုး ပြင်ဆင်ရန်

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၃၀