ကြက်ကချင်ချက်သည် ကချင်တိုင်းရင်းသားတို့၏ ရိုးရာ အစားအစာဖြစ်သည်။


ပါဝင်သောပစ္စည်းများ ပြင်ဆင်ရန်

ကြက်သား - ၃ဝ ကျပ်သား
ကြက်သွန်ဖြူ (တစ်လုံးဥ) - (၂၀) လုံး
ချင်း - အနည်းငယ်
ကချင်ငရုတ်ကောင်း (မကျန်စေ့) - အနည်းငယ်
ရှမ်းနံနံ - ၂ စည်း
ပင်စိမ်း - ၂ ခွဲသား
နံနံပင် - အနည်းငယ်
ဖတ်ဖယ်ရွက် (မခေါနမ်) - အနည်းငယ်
ငရုတ်သီးစိမ်း - မိမိကြိုက်နှစ်သက်သလို
မက်လင်ခြောက် - အနည်းငယ်
ဆီ - ၂ ကျပ်ခွဲသား
ဆား - အနည်းငယ်
သကြား - အနည်းငယ်

ပြုလုပ်ပုံအဆင့်ဆင့် ပြင်ဆင်ရန်

ပထမဆုံး ကြက်သားကို ရေစင်အောင်ဆေး၍ အရိုးထွင်ပြီး အတုံးလေးများဖြစ်အောင် လှီး၍ ပန်းကန်လုံးတစ်ခုထဲသို့ ထည့်ထားပါ။ ရှမ်းနံနံ၊ ပင်စိမ်းနှင့် ဖတ်ဖယ်ရွက်များကို ပါးပါးလှီးပါ။ ငရုတ်ဆုံထဲသို့ ကြက်သွန်ဖြူ၊ ချင်းနှင့် ကချင်ငရုတ်ကောင်းကို ညက်အောင် ထည့်ထောင်းပါ။ အတုံးတုံးထားသော ကြက်သားပန်းကန်ထဲသို့ ပါးပါးလှီးထားသော အရွက်များ၊ ထောင်းထားသော ကြက်သွန်နှစ်များ၊ ဆားအနည်းငယ်၊ သကြားအနည်းငယ်၊ ဆီအနည်းငယ်၊ မက်လင်ခြောက် အနည်းငယ်ထည့်၍ သမအောင် ဖိနယ်ပါ။ ပြီးလျှင် ငရုတ်သီးစိမ်းများကို ထပ်ခြမ်းခွဲထည့်ပါ။ အစပ်ကြိုက်လျှင် များများထည့်နိုင်သည်။ ဒယ်အိုးထဲသို့ ဆီထည့်ပြီး ဆီပူလာလျှင် သမအောင် နယ်ထားသော ကြက်သားများကို ထည့်ပါ။ ပြီးလျှင် ကြက်သွန်ထောင်းထားသော ငရုတ်ဆုံထဲသို့ ရေအနည်းငယ် ထည့်ကျင်း၍ ကြက်သားမြုပ်ရုံထည့်ပါ။ ကြက်သားများ နူးသွားပြီဆိုလျှင် ပန်းကန်ထဲ ထည့်၍ နံနံပင် အပေါ်မှဖြူးပြီး သုံးဆောင်နိုင်ပါပြီ။