ကြက်ကန်း ဆန်အိုးတိုး ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက် ပြင်ဆင်ရန်

ကြက်ကန်းသည် စားရကံကြုံသဖြင့် မထင်မှတ်ထားဘဲ ဆန်အိုးကို တန်းတန်းမတ်မတ် ဝင်တိုးမိသကဲ့သို့ အစွမ်းအစမရှိသူသည် ကံစွပ်သဖြင့် မထင်မှတ်ဘဲ အပေါက်အလမ်းတည့်သွားသည်။

မူလရင်းမြစ် ပြင်ဆင်ရန်

  • "သည်မိန်းမဟာ အစက ဘာအဖိုးတန်သလဲ။ ယခုတော့... ကြက်ကန်း ဆန်အိုးတိုးသလို အကျိုးပေးလာတာပါ။" [၁၂၈၈] သူရ၊ ပ။ ၂၆။

ကျမ်းကိုး ပြင်ဆင်ရန်

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၂၄