သရေခေတ္တရာမင်းဆက် ၂၇ ဆက်မြောက် မင်းဖြစ်သော ငါတစ်ပါးမင်းသည် သာသနာတော် ကို လေးစားကြည်ညိုသော မင်းတစ်ပါးဖြစ်သည်။ သာသနာတော် သက္ကရာဇ် ၄၃၃ ခုနှစ်တွင် သရေခေတ္တရာ ထီးနန်း စိုးမိုးအုပ်ချုပ်စဉ် ပြည်မြို့ ဝန်းကျင်တစ်ဝိုက် တွင် စေတီ ၁၂ ဆူအား တည် ထားကိုးကွယ်ခဲ့သည်။ စေတီတော် ၁၂ ဆူ အနက် ရှေးဦးစွာတည်ထားသော စေတီမှာ ကြက်ခေါင်းစား စေတီတော်ကြီးဖြစ်သည်။ ငါတစ်ပါးမင်းသည် ငယ်စဉ်အခါ ကြက်၏ဦးခေါင်းကို စားခဲ့ရပြီး မင်း ဖြစ်မည်ဟု အတိတ်နိမိတ်များဖြစ်ပေါ်ခဲ့ကြသဖြင့် ကြက်ခေါင်းစားစေတီဘွဲ့မည်ခဲ့၏။


ကြက်ခေါင်းစားစေတီတော်ကြီး၏ ဘွဲ့မည်တော်မှာလည်း နှစ်ပေါင်းများစွာ အမည်တွင်နေခဲ့ပြီးနောက် ၂ဝဝ၆ ခုနှစ် ဇွန်လမှစတင်၍ ကြက် ခေါင်းစားဘွဲ့မည်ပျောက်ကာ မဟာအတုလ အောင်တံခွန် ဟူသော ဘွဲ့မည်သစ်ကိုရရှိခဲ့သည်။ စေတီတော် ဟောင်းကြီးမှာ နှစ်ပေါင်းများစွာ ရာသီ ဥတုဒဏ်၊ စစ်ဘေးဒဏ်တို့ကြောင့် အမြင့် ၆ဝ မျှသာရှိခဲ့ပြီး စေတီတစ်ခုလုံး ဆွေးမြည့်ပျက်စီးခဲ့ရသည်။


၂ဝဝ၆ ခုနှစ် ဇွန်လ ၁ရက်နေ့တွင်မူ ကြက် ခေါင်းစားစေတီဟူသော ဘွဲ့တော်ပျောက်လျက် မဟာအတုလ အောင်တံခွန် ဘုရားဘွဲ့မည် ပေါ် ထွန်းကာ အမြင့်ပေပေါင်း ၁ဝ၄ ပေအထိ တည် ထားကိုးကွယ်နိုင်ခဲ့သည်။ ငါတစ်ပါးမင်းလက် ထက်တော်က သီဟိုဠ်-မြန်မာ ချစ်ကြည်ရေးကဏ္ဍ သစ် သာသနာပြုအဖွဲ့ အပြန်အလှန်စေလွှတ်ခြင်း ဖြင့် သာသနာတော်အား စည်ပင်ပြန့်ပွားလာအောင် စီစဉ်ဆောင်ရွက်ပေးခဲ့သည်။ စေတီတော်မြတ်ကြီးမှာ ပြည်မြို့ ရွာဆဲရပ်၊ မူယာပင်ရပ်ကွက်နယ်မြေ၊ ရတနာမာရ်အောင်လမ်း၊ ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း တည်ရှိ လေသည်။ ဘုရားကြီးတွင် နှစ်စဉ် နှစ်တိုင်း-

  • မဟာသင်္ကြန်ရက်များတွင် စတုဒီသာကျွေး မွေးခြင်း။
  • ကဆုန်လပြည့်နေ့တွင် ကဆုန်ညောင်ရေသွန်း ပွဲကျင်းပခြင်း။
  • ဝါဆိုလပြည့်ရက်များတွင်
  • ဝါဆိုသင်္ကန်းကပ်လှူခြင်း။
  • ဝါတွင်းကာလ သီလပေးပွဲများ ကျင်းပပေး ခြင်း။
  • သီတင်းကျွတ်လတွင် မီးထွန်းပွဲတော်နှင့် ဆွမ်းတော်ကြီးကပ်လှူခြင်း။
  • တပို့တွဲလတွင် ထမနဲပွဲကျင်းပ ပြုလုပ် ပေးခြင်း။
  • တပေါင်းလတွင် မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော် ပွဲကျင်းပခြင်းများကို ဆောင်ရွက်ပေးလျက် ရှိသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ကိုသက် (ဇီးကုန်း) ဈေးကွက်ဂျာနယ်