ကြက်တူရွေးက တော်တော် မယ်ဘော်က ကဲ

ကြက်တူရွေးက တော်တော် မယ်ဘော်က ကဲ ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်

ပြင်ဆင်ရန်

ကြက်တူရွေးသည် တော်ရုံတန်ရုံမျှသာ စကားပြောတတ်သော်လည်း မယ်ဘော်က သူ့ကြက်တူရွေး စကားတတ်ကြောင်း အမွှမ်းတင်ရာတွင် လွန်ကဲ့သကဲ့သို့ တစ်စုံတစ်ယောက်၏ ဂုဏ်အရည်အချင်းမှာ တော်ရုံမျှသာ ဖြစ်သော်လည်း သူ့အား လိုလားသူ၏ အမွှမ်းတင်မှုမှာ လွန်ကဲလှသည်။

မူလရင်းမြစ်

ပြင်ဆင်ရန်
  • "အင်း ကြက်တူရွေးက တော်တော် မယ်ဘော်က ကဲလှတယ် ဆိုသလို ကိုယ်တို့ အထိန်းတော်ကြီးမှာလည်း ရှေ့နေတော်ကြီး ဖြစ်မှန်းမသိ ဖြစ်နေပါကလား" [၁၃၁၃] စာဆိုတော်၊ ပ။ ၂၂၉။

ကျမ်းကိုး

ပြင်ဆင်ရန်
  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၂၄