ကြင်းတော်ယန်ဗုဒ္ဓဘာသာဘုရားကျောင်း
ကြင်းတော်ယန်ဗုဒ္ဓဘာသာဘုရားကျောင်း (တရုတ်: 金多堰; ပင်ယင်: Jīnduōyàn) သည် မန္တလေးမြို့၊ ကမ်းနားလမ်းတွင် တည်ရှိသည့် မဟာယာနဗုဒ္ဓဘာသာကျောင်းတော်တစ်ခု ဖြစ်သည်။[၁] ၎င်းကို ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် တရားဝင်ဖွင့်လှစ်ခဲ့သည်။ ကျောင်းတော်သည် ဧရာဝတီမြစ်နှင့် မျက်နှာချင်းဆိုင်ဖြစ်သည်။ တည်ဆောက်မှုများကို ၂၀၀၉ ခုနှစ်တွင် စတင်ခဲ့ပြီး ခန့်မှန်းကုန်ကျစရိတ်သည် မြန်မာကျပ်ငွေ ၄.၅ ဘီလီယံ ရှိခဲ့သည်။ ၎င်းကုန်ကျစရိတ်၏ ၂၀ ရာခိုင်နှုန်းကို Capital Diamond Star Group မှ ထောက်ပံ့ထားသည်။[၂] ဤကျောင်းတော်သည် မြန်မာနိုင်ငံရှိ အကြီးဆုံးတရုတ်ကျောင်းတော်တစ်ခုလည်း ဖြစ်သည်။
Jin Taw Yan 金多堰 | |
---|---|
ကြင်းတော်ယန် | |
အချက်အလက်များ | |
တည်နေရာ | Mandalay |
ကိုဩဒိနိတ် | 21°58′36″N 96°03′29″E / 21.976574°N 96.058155°Eကိုဩဒိနိတ်: 21°58′36″N 96°03′29″E / 21.976574°N 96.058155°E |
နိုင်ငံ | Burma |
ဗိသုကာ | |
ပြီးစီး | ဖေဖော်ဝါရီ ၁၈၊ ၂၀၁၄ |
ကိုးကား
ပြင်ဆင်ရန်- ↑ Planet၊ Lonely။ "Self-guided Tours in Mandalay, Myanmar (Burma)" (in en)၊ Lonely Planet။
- ↑ "Myanmar’s largest Chinese temple opens" (in en)၊ The Myanmar Times။ 27 June 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 27 June 2021။