ကြည်စိုးထွန်း (၁၉၄၅ ဒီဇင်ဘာ ၉ ဖွား - ) သည် မြန်မာနိုင်ငံသား ရုပ်ရှင် ဒါရိုက်တာ၊ ထုတ်လုပ်သူ၊ ဇာတ်ညွှန်းဆရာ၊ စာရေးဆရာ၊ တစ်ဦးဖြစ်သည်။ မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု ငါးဆုရရှိထားပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ၊ အကယ်ဒမီ အကဲဖြတ် စိစစ်ရွေးချယ်ရေးအဖွဲ့ ဥက္ကဋ္ဌ စသည့် တာဝန်များကိုလည်း ဆောင်ရွက်ခဲ့သည်။ MRTV-4 ရုပ်သံလိုင်းတွင် မှတ်မှတ်ထင်ထင် မြန်မာ့ရုပ်ရှင် အမည်ဖြင့် ရှေးကာလမှစ၍ ခေတ်သစ်ကာလအထိ ရုပ်ရှင်နှင့်ပတ်သက်သော အကြောင်းအရာများကို တင်ဆက်ခဲ့သောသူတစ်ဦးလည်းဖြစ်သည်။

စည်သူ
ကြည်စိုးထွန်း
မွေးဖွား (1945-12-09) ၉ ဒီဇင်ဘာ၊ ၁၉၄၅ (အသက် ၇၈)
မြန်မာနိုင်ငံ၊ ရန်ကုန်မြို့
တက်ကြွလှုပ်ရှားနှစ်များ၁၉၇၇ – လက်ရှိ
မိဘ(များ)ဦးထွန်း၊ ဒေါ်လှ
ရရှိသည့်ဆုများဒိုး (ဒါရိုက်တာဆု, ၁၉၈၉)
သူ့ကျွန်မခံပြီ (ဒါရိုက်တာဆု, ၁၉၉၇)
ဆန်ရေ (ဒါရိုက်တာဆု, ၂၀၀၂)
ဆဌဂံ (ဒါရိုက်တာဆုနှင့် ဇာတ်ညွှန်းဆု, ၂၀၀၆)

ဘဝအကျဉ်း ပြင်ဆင်ရန်

ကြည်စိုးထွန်းကို ၁၉၄၅ တွင် ဦးထွန်း၊ ဒေါ်လှတို့က ဖွားမြင်ခဲ့သည်။ မန္တလေးတက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ်တို့တွင် ဘူမိဗေဒဘာသာရပ်ကို ဆည်းပူးခဲ့ပြီး ၁၉၇၇ ၌ ရုပ်ရှင်လောကသို့ စတင်ဝင်ရောက်ခဲ့သည်။[၁] ပထမဆုံးစတင်ရိုက်ကူးသော ရုပ်ရှင်မှာ ၁၉၈၀ တွင် ထွက်ရှိသော ချမ်းမြေ့ပါစေ ဖြစ်၍ [၂] အခြားထင်ရှားသော ရုပ်ရှင်ဇာတ်ကားများစွာကို ရိုက်ကူးခဲ့ကာ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုများစွာလည်း ရရှိခဲ့သည်။ ၂၀၀၅ မှ ၂၀၀၇ အထိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး[၂] ထို့နောက်ပိုင်းတွင် "အကယ်ဒမီ အကဲဖြတ် စိစစ်ရွေးချယ်ရေးအဖွဲ့ ဥက္ကဋ္ဌ" အဖြစ်လည်း တာဝန်ယူခဲ့သည်။[၃]

မြန်မာ့ရုပ်ရှင်လောကနှင့်ပတ်သက်၍ ဗဟုသုတစုံလင်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့်အပြင် MRTV-4 ရုပ်သံလိုင်းတွင် အသံတိတ်ခေတ်မှစ၍ ခေတ်သစ်ပိုင်းအထိ ရိုက်ကူးခဲ့သော ရုပ်ရှင်ဇာတ်ကားများ၊ သရုပ်ဆောင်များ၊ ဒါရိုက်တာများနှင့် တွေ့ဆုံမေးမြန်းခြင်း အစီအစဉ်များကိုလည်း ၂၀၀၉ မှစ၍ ထုတ်လွှင့်ခဲ့သည်။ ၂၀၁၁ ၌ ကြည်စိုးထွန်း၏ မောင်ကျောက်ခဲနှင့် အခြားဝတ္ထုတိုများ စာအုပ်သည် ဆရာဝန်တင်ရွှေဆု ချီးမြှင့်ခံရ​ခဲ့သည်။[၄]

၂၀၁၁ တွင် အစာအိမ်ကင်စာခံစားရ၍ စင်္ကာပူနိုင်ငံ၌ ဆေးကုသမှု ခံခဲ့ရသည်။ ၂၀၁၂ တွင် ဒေါ်သီတာလင်းတည်ထောင်သော Laurel Art Academy သို့ ပူးပေါင်းခဲ့၏ ။

ထင်ရှားသည့် ရုပ်ရှင်များ ပြင်ဆင်ရန်

ကြည်စိုးထွန်း၏ ထင်ရှားသောဇာတ်ကားအချို့မှာ:[၂]

  • ဒိုး (၁၉၈၉) - (ဒါရိုက်တာဆု)
  • စုန်ရေ (၁၉၉၀)
  • မသုဓမ္မစာရီ (၁၉၉၄)
  • သူ့ကျွန်မခံပြီ (၁၉၉၇) - (ဒါရိုက်တာဆု)
  • ဆန်ရေ (၂၀၀၂) - (ဒါရိုက်တာဆု)
  • ပေးဆပ်သူတို့နှလုံးသား (၂၀၀၄)
  • ဆဌဂံ (၂၀၀၅) - (ဒါရိုက်တာဆု၊ ဇာတ်ညွှန်းဆု)
  • ချစ်ခြင်းငယ်ပြိုင် (၂၀၀၅)

ကိုးကား ပြင်ဆင်ရန်

  1. Kyi Soe TunInternational Film Festival Rotterdam (IFFR)
  2. ၂.၀ ၂.၁ ၂.၂ U Kyi Soe TunInternational Film Heritage Festival
  3. ချစ်ပိုး (25 March 2019)။ အကယ်ဒမီမှာ ပုဂ္ဂိုလ်စွဲ မထားဖို့ ဒါရိုက်တာ ကြည်စိုးထွန်း ပြောThe Irrawaddy
  4. Zon Pann Pwint (12 May 2014)။ Pressing questions with director Kyi Soe TunMyanmar Times။ 26 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 August 2021 တွင် ပြန်စစ်ပြီး။