ကြည်ဆွေ၊ မောင်၊ စာရေးဆရာ
စာရေးဆရာ မောင်ကြည်ဆွေ သည် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံဇာတိ ဖြစ်သည်။
မောင်ကြည်ဆွေ | |
---|---|
မွေးဖွား | ကြည်ဆွေ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့ |
ကွယ်လွန် | ၃၀ မေ၊ ၁၉၆၄ ရန်ကုန်မြို့ |
အလုပ်အကိုင် | စာရေးဆရာ |
၁၄ နှစ် အရွယ်တွင် စာပေ လောက ထဲသို့ ခြေစုံပစ် ဝင်ခဲ့သည်။ စာပေ စင်မြင့်သို့ တင်ပေး ခဲ့သူမှ ရှုမဝ ဦးကျော်ပင် ဖြစ်သည်။ ရှုမဝ မဂ္ဂဇင်းသို့ ၁၉၄၉ ခုလောက်တွင် ရောက်ခဲ့သည်။ ပထမ ဦးစွာ အလုပ်သင်၊ ထိုမှ စာပြင် ဆရာ၊ ထို့နောက် ဝတ္ထု၊ ကဗျာများ ရေးသားရင်း စာတည်း အဖွဲ့ဝင် အဆင့်ထိ တာဝန် ယူခဲ့သည်။
စာပေ လောက တွင်းသို့ ဝင်ရောက်စဉ် သော်တာဆွေနှင့် သန်းဆွေ တို့သည် မောင်ကြည်ဆွေ၏ ဆရာများ ဖြစ်ခဲ့ ကြသည်။ စာမူများ ရေး၍ အရွေး ခံရကာ မဂ္ဂဇင်း ထည့်ရန် ကလောင် အမည် ရှာသော အခါ ဆရာ ဆွေ နှစ်ဆွေကို သွား၍ ဒက်ခနဲ မြင်လိုက်သည်နှင့် "မောင်ကြည်ဆွေ" ဟု မှည့်ခဲ့သည်။ "ကြည်" မှာ စာပေ လောကသို့ ရောက်အောင် အထောက်အမ အများကြီး ပေးခဲ့သော မွေးစား အမေဟု ခေါ်အပ်သည့် အမျိုးသမီးကြီး တဦးကို မြတ်နိုးကာ မမေ့ရန် ယူခဲ့ခြင်းပင် ဖြစ်သည်။
၁၉၅၅ ခု စက်တင်ဘာလ ရှုမဝ မဂ္ဂဇင်း အမှတ် ၁ဝဝ ပြည့် အထူးထုတ်တွင် ပါဝင်သည့် 'ကျောက်ခဲ လုံးလေးများ' ဝတ္ထုတိုသည် ထူးခြား ကောင်းမွန် လှသောကြောင့် တင့်တယ်က ရှုမဝတွင် သာမက စာပဒေသာ မဂ္ဂဇင်း တွင်ပါ တပြိုင်တည်း ဖော်ပြ ခဲ့သည်။ ထို့ပြင် ၁၉၅၅ ခု မတ် ရှုမဝ မဂ္ဂဇင်းပါ "ဆုံကြ လေဦး မည်လော" ဝတ္ထုတိုကို အိန္ဒိယနိုင်ငံ နယူးဒေလီတွင် ဟိန္ဒီ ဘာသာဖြင့် ထုတ်ဝေသော "မနောဟရ" မဂ္ဂဇင်း ၁၉၅၆ ခု ဒီဇင်ဘာလထုတ် စာစောင်၌ ဟိန္ဒီ စာရေးဆရာ "ရှရီ-အမ်-ဂျီ ထယ်ဝါကား" ဆိုသူက ဟိန္ဒီ ဘာသာဖြင့် ပြန်ဆို ဖော်ပြ ခဲ့သည်။
၉ - ၁၂ - ၁၉၆ဝ နေ့ထုတ် ဗမာ့ခေတ် သတင်းစာပါ "သတင်းထောက်တု ကြည်ဆွေ ခေါ် မြင့်လွင်" သတင်းနှင့် ၁ဝ - ၁၂ - ၁၉၆ဝ နေ့ထုတ် ကြေးမုံ သတင်းစာပါ "စာရေးဆရာ မောင်ကြည်ဆွေ အတု" သတင်း တို့သည် စာရေး ဆရာ မောင်ကြည်ဆွေနှင့် လုံးဝ မပတ်သက်ကြောင်း ရှုမဝ စာတည်း အဖွဲ့က ရှုမဝ မဂ္ဂဇင်း ဇန်နဝါရီ ၁၉၆ဝ ပြည့် ထုတ်တွင် ကြေညာ ခဲ့သည်။
ရေးသားခဲ့သော စာပေများ
ပြင်ဆင်ရန်မောင်ကြည်ဆွေသည် စာရေး အားကောင်းသည်။ ဘဝနှင့် မေတ္တာ ဘွဲ့များကို ဦးစားပေး ရေးဖွဲ့သည်။ စာရေးသက် ၁ဝ နှစ် အတွင်း ဝတ္ထုတို/ ရှည် ၁ဝဝ ကျော် အထိ ရေးဖွဲ့ ခဲ့သည်။ ထင်ရှားသည့် စာအုပ် အချို့မှာ ခင်ပပ (၁၉၆ဝ)၊ ပန်တော်ဦး (၁၉၆ဝ)၊ နွမ်းလျ ဖြေမဆည် (၁၉၆၁)၊ ဘဝလုံးပုံ ချစ်သူယုံ (၁၉၆၁)၊ နှင်းသက်ဆယ် ကမ္ဘာတိုင် (၁၉၆၂)၊ ပန်းကောင်း ပန်းဦး ပန်းမြတ် (၁၉၆၂)၊ ရင်ဝယ်ပွင့်သော သဇင် (၁၉၆၂)၊ သည်မိုးစဲသော် လိုက်တော်မူခဲ့ (၁၉၆၂)၊ အရှက်ပြေ သက်သေနဲ့ ခွဲရတယ် (၁၉၆၂)၊ ဝေဝေလေး (၁၉၆၃)၊ ကျွန်တော်တို့နှင့် မိန်းမလှများ အကြောင်း (၁၉၆၄) [မြင့်ကျော်၊ ကရမက် တို့နှင့် တွဲဖက်၍]၊ မမတို့ မိန်းမသားများ (၁၉၆၄) တို့ ဖြစ်ကြသည်။
ဘဝနိဂုံး
ပြင်ဆင်ရန်၃ဝ မေ ၁၉၆၄ ခုနှစ်တွင် ရန်ကုန် မြို့၌ ကွယ်လွန်သည်။
ရည်ညွှန်းကိုးကား
ပြင်ဆင်ရန်- စံပြတင်ဦး။ မြန်မာ စာရေးဆရာ အဘိဓာန်။ စာ ၈၁ - ၈၂။
- သက်ဝေလေး။ ရွာပါနဲ့ ... နော် မိုးရယ်၊ ရှုမဝ (ဇူလိုင် ၁၉၆၄)။ စာ ၅ဝ - ၅၂ နှင့် ၂၃၇ - ၂၃၉။
- မောင်ကြည်ဆွေ။ ကျောက်ခဲ လုံးလေးများ၊ ရှုမဝ (စက်တင်ဘာ ၁၉၅၅)။ စာ ၂၁၁ - ၂၁၇။
- မောင်ကြည်ဆွေ။ ဆုံကြလေ ဦးမည်လော၊ ရှုမဝ (မတ် ၁၉၅၅)။ စာ ?။
- သဝဏ်လွှာ၊ ရှုမဝ (ဖေဖော်ဝါရီ ၁၉၅၇)။ စာ ၂၉၉။ (၆) သဝဏ်လွှာ၊ ရှုမဝ (ဇန်နဝါရီ ၁၉၆၁)။ စာ ၄ဝ။
- ကလောင်အမည် မှတ်တမ်း၊ မြဝတီ (ဒီဇင်ဘာ ၁၉၅၆)။ စာ ၃၃။
- လေးမြင့်။ လွမ်းရသော စာရေးဆရာများ၊ ငွေတာရီ (အောက်တိုဘာ ၁၉၆၇)။ စာ ၆၈ - ၆၉။
- အနုပညာရှင်များ ဘဝ မှတ်တမ်း၊ ငွေတာရီ (နိုဝင်ဘာ ၁၉၆၆)။ စာ ၂၅၆။]
- ၂ဝ ရာစု မြန်မာ စာရေး ဆရာ ၁ဝဝ အတ္ထုပ္ပတ္တိ အကျဉ်း၊ ရာပြည့် ဦးစိုးညွန့် စုစည်း တည်းဖြတ်၊ ၂ဝဝ၅ ခု၊ ဇူလိုင်။