ကြည်ဖြူသျှင်
ကြည်ဖြူသျှင် သည် မြန်မာ အမျိုးသမီး ရုပ်ရှင်ဒါရိုက်တာတစ်ဦး ဖြစ်သည်။ ကြည်ဖြူသျှင်သည် National Geographic Society ၏ ၂၀၀၈ ခုနှစ် All Roads ရုပ်ရှင်ပွဲတော်တွင် ဝသုန်၏ ကောက်ကြောင်း အမည်ရှိ ရုပ်ရှင်မှတ်တမ်းပထမဆု ကို ရရှိခဲ့သည်။[၂] သူမသည် အ.ထ.က(၂)လသာ နှင့် ရန်ကုန်ရုပ်ရှင်ကျောင်း တို့တွင် ပညာသင်ကြားခဲ့သည်။[၃] လက်ရှိတွင် ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေး ကော်မတီတွင် အဖွဲ့ဝင်အဖြစ် ပါဝင်လျက်ရှိသည်။[၄]
ကြည်ဖြူသျှင် | |
---|---|
မွေးဖွား | ၂၆ ဒီဇင်ဘာ ၁၉၇၅ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ |
(အသက် ၄၈)
ပညာရေး | ဘီအေ မြန်မာစာ |
မိခင်ကျောင်း | ရန်ကုန်ရုပ်ရှင်ကျောင်း၊[၁] အ.ထ.က(၂)လသာ |
အလုပ်အကိုင် | ရုပ်ရှင်ဒါရိုက်တာ |
တက်ကြွလှုပ်ရှားနှစ်များ | ၁၉၉၇–လက်ရှိ |
မိဘ(များ) | ဦးတင်ဝင်းသျှင် ဒေါ်ခင်လေးသိမ့် |
ရရှိသည့်ဆုများ | Best Short Award (2008) |
ဒါရိုက်တာ ကြည်ဖြူသျှင်သည် အနာဂတ်ရဲ့ ကြယ်ပွင့်လေးများ အမည်ရှိ လသာ၂ ရုပ်ရှင်ကို ရိုက်ကူးခဲ့သည်။[၅]
ကိုးကား
ပြင်ဆင်ရန်- ↑ May Sandi။ "Filmmakers delve into lives of artists"၊ Myanmar Times၊ 22 August 2011။ 10 April 2012 တွင် ပြန်စစ်ပြီး။ Archived from the original on 16 January 2012။
- ↑ Yadana Htun။ "Director scoops up int’l film award"၊ Myanmar Times၊ 20 October 2008။ 10 April 2012 တွင် ပြန်စစ်ပြီး။ Archived from the original on 23 October 2008။
- ↑ Director Kyi Phyu Shin's Biography။ 2011-11-07 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ May Sandi။ "Bogyoke Aung San film office opens"၊ Myanmar Times၊ 20 February 2011။ 10 April 2012 တွင် ပြန်စစ်ပြီး။ Archived from the original on 20 June 2013။
- ↑ : ပန်းကောင်းပွင့်သည့် စမ်းချောင်း (၂)
ဤ မြန်မာလူပုဂ္ဂိုလ် အတ္ထုပ္ပတ္တိ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |