ကြည်လွင်သည် မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်း တစ်ဦးဖြစ်ပြီး[၁] လက်ရှိတွင် မကွေး ဘောလုံးအသင်း၏ နည်းပြဖြစ်ပြီး ၂၀၁၅ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာ ယူ-၂၃ ဘောလုံးအသင်းအတွက်လည်း နည်းပြအဖြစ် ထမ်းဆောင်ခဲ့သေးသည်။ သူသည် မြန်မာ ယူ-၂၀ အသင်းမှ အကောင်းဆုံးကစားသမားအများစုဖြင့် အသင်းအား ငွေတံဆိပ်ဆုရရှိအောင် ဆောင်ရွက်နိုင်ခဲ့သည်။ ကြည်လွင် နိုင်ငံလက်ရွေးစင်ကစားသမားဘဝ ၁၉၉၃ ခုနှစ် အရှေတောင်အာရှ အားကစားပြိုင်ပွဲတွင်လည်း သူသည် ငွေတံဆိပ်ဆုနှင့်ပင် ကျေနပ်ခဲ့ရသည်။[၂] လက်ရှိတွင် သူသည် နိုင်ငံလက်ရွေးစင် ဘောလုံးအသင်း၏ လက်ထောက်နည်းပြဘဝဖြင့် ဆောင်ရွက်လျက်ရှိသည်။

ကြည်လွင်
၂၀၁၅ ဆီးဂိမ်းတွင် မြန်မာ ယူ-၂၃ အသင်းအားညွှန်ကြားနေပုံ
ကလပ်နှင့်သက်ဆိုင်သောအချက်အလက်များ
လက်ရှိအသင်း
မကွေး (နည်းပြချုပ်)၊
မြန်မာ အမျိုးသား ဘောလုံးအသင်း (လက်ထောက်နည်းပြ)

ကိုးကား ပြင်ဆင်ရန်

  1. [၁] Archived 7 November 2017 at the Wayback Machine. Admin & Players
  2. SEA games 2015: Thailand v Myanmar football final - a repeat of 1993။ The Straits Times။ 3 July 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 June 2015 တွင် ပြန်စစ်ပြီး။