ကြယ်ပု (အင်္ဂလိပ်: Dwarf star) ဆိုသည်မှာ အရွယ်အစားနှင့် တောက်ပမှုနည်းပါးသော ကြယ်ဖြစ်ပြီး ပင်မအစီစဉ်ရှိကြယ်အများစုသည် ကြယ်ပုများဖြစ်ကြသည်။ ၁၉၀၆ ခုနှစ်တွင် ဒိန်းမတ်လူမျိုး နက္ခတ္တပညာရှင် Hertzsprung ဆိုသူက ကြယ်များအား အနီရောင် အရှိဆုံးကြယ်များကို K နှင့် M အဖြစ် သတ်မှတ်ခဲ့သည်။ နေထက် ပိုကြီးသောကြယ်၊ နေထက်ပိုငယ်သောကြယ်အဖြစ် ၂ မျိုးထပ်ခွဲလိုက်သည်။ နေထက်ပိုကြီးသောကြယ်များကို ကြယ်ဘီလူးများဟု သတ်မှတ်၍ ပိုသေးသောကြယ်များကိုမူ ကြယ်ပုများအဖြစ် သတ်မှတ်သည်။[၁] ကြယ်အများစုကို လက်ရှိတွင် Morgan Keenan System အရ အက္ခရာ O, B, A, F, G, K, နှင့် M အဖြစ် သတ်မှတ်သည်။ O အမျိးစားသည် အပူဆုံးဖြစ်၍ M အမျိုးအစားသည် အအေးမြဆုံးဖြစ်သည်။ နောက်ပိုင်းတွင် M အမျိုးအစားကိုလည်း အောက်ပါအတိုင်း ခွဲခြားလိုက်သည်။


ကိုးကား ပြင်ဆင်ရန်

  1. Brown၊ Laurie M.; Pais၊ Abraham; Pippard၊ A. B., eds. (1995)။ Twentieth Century Physics။ Bristol; New York: Institute of Physics, American Institute of Physics။ p. 1696။ ISBN 0-7503-0310-7OCLC 33102501