ကြယ်ပုပြာ သည် ကြိုတင်ခန့်မှန်းထားသော ကြယ် အမျိုးတန်းစားဖြစ်ပြီး ကြယ်ပုနီဖြစ်ပြီးလျင် ဟိုက်ဒရိုဂျင်လောင်စာ ကုန်ခမ်းပြီးသောအခါ ထွက်ပေါ်လာမည့် ကြယ်ဖြစ်သည်။ ကြယ်ပုနီများသည် ဟိုက်ဒရိုဂျင် လောင်စာအား နှေးကွေးစွာ လောင်ကျွမ်းသောကြောင့် စကြဝဠာသည် ကြယ်ပုပြာများ ဖွဲ့တည်ရန် လုံလောက်သော သက်တမ်းမရှိသေးပေ။ သို့သော် သီအိုရီများက ယင်းတို့၏အနာဂတ်အတွက် ကြိုတင်တွက်ချက်ထားသည်။[၁] သက်တမ်းရင့်လာသည်နှင့်အမျှ ကြယ်များသည် မျှခြေအား ထိန်းညှိရန် ပိုမိုတောက်ပပေးရသည်။ ကြယ်ပုနီထက် ကြီးမားသော ဧရာမ ကြယ်နီများသည် တောက်ပရန် ပိုမိုလိုအပ်ပြီး မျက်နှာပြင်ဧရိယာသည်လည်း ပိုကြီးလာသည်။ ကြယ်ပုပြာများသည် အချိန်ကြာလာသော် ကြယ်ဖြူပုများအဖြစ် ဖြစ်လာသည်။[၁] ယင်းသည်လည်း ကြယ်ပုနက်အဖြစ် ပြောင်းသွားပေလိမ့်မည်။


ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ Adams, F. C. (2005). "M dwarfs: planet formation and long term evolution". Astronomische Nachrichten 326 (10): 913–919. doi:10.1002/asna.200510440. Bibcode2005AN....326..913A.