ကြာကြာ ဝါးမှ ခါးမှန်းသိ
ကြာကြာ ဝါးမှ ခါးမှန်းသိ ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။
ရှင်းလင်းချက်
ပြင်ဆင်ရန်ကြာကြာ ဝါးကြည့်ပြီးခါမှ ခါးမှန်းသိလာရသကဲ့သို့ အချိန်ကြာကြာ ထိတွေ့ဆက်ဆံကြည့်ခါမှ တကယ်မကောင်းမှန်းသိလာရသည်။
မူလရင်းမြစ်
ပြင်ဆင်ရန်- "ကြာကြာ ဝါးမှ ခါးမှန်းသိဆိုတာလို ကွန်မြူနစ်တွေနဲ့ပေါင်းကြည့်မှ သူတို့ရဲ့ ညစ်ပတ်...တဲ့ အသွင်သဏ္ဌာန်တွေဟာ တဖွားဖွား ပေါ်ပေါက်လာတာကိုး။" [၁၃၁၄] ပြည်သား၊ ၃၊ ၉၃။ ၆။
- "ရှုပ်ရှုပ်ထွေးထွေး စည်စည်ကားကားနှင့် မြို့ကြီးပြကြီးများ၏ စည်ကားခြင်းဆိုတာ ကြာကြာ ဝါးမှ ခါးမှန်းသိဆိုတဲ့ စကားမျိုးလို ကြာလေကြာလေ ငြီးငွေ့စရာ ကောင်းလာပါတယ်။" [၁၂၉၄] ဒဂုန်၊ ၁၄၅။ ၃၂၅။