ကြောင်မရှိ ကြွက်ထ
ကြောင်မရှိ ကြွက်ထိုက် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။
ရှင်းလင်းချက်
ပြင်ဆင်ရန်ကြောင်မရှိခိုက် ကြွက်တို့ ထကြွမြူးထူးသကဲ့သို့ ကြောက်ရွံ့ရမည့်သူ မရှိခိုက် ထင်သလို ပြောဆို ပြုမူနေထိုင်သည်။
အခြားအသုံးအနှုန်း
ပြင်ဆင်ရန်- ကြောင်မရှိ ကြွက်မြူး ဟူ၍လည်း အသုံးရှိသည်။
မူလရင်းမြစ်
ပြင်ဆင်ရန်- "ကြောင်မရှိက ကြွက်ထဟူသော စကားပုံအရ စက်သူဌေး မရှိခိုက်တွင် စက်ထဲရှိ အလုပ်သမားအားလုံးပင် ရယ်စရာမောစရာများ ပြောသူကပြော... " [၁၂၉၅] ကဝိတံခွန်၊ ၂၊ ၁၄။ ၃၀၇။
- "ကြောင်မရှိ ကြွက်ထဆိုတာမျိုးလို လူကြီးမရှိတာနှင့် တစ်ပြိုင်တည်း အလျှိုလျှို လစ်ကုန်ကြတော့..." [၁၃၀၁] ဒဂုန်၊ ၁၉၊ ၂၂၃။ ၉၈။