ကြောင်ရှမ်းရှမ်း ( ၁၉၅၆ ဖွား) သည် တရုတ်လူမျိုး ဘီလျံနာ စီးပွားရေးသမား တစ်ဦးဖြစ်ပြီး တရုတ်နိုင်ငံ၏ အကြီးဆုံး အဖျော်ယမကာ ကုမ္ပဏီတစ်ခု ဖြစ်သော နောင်ဖူးစပရင်းကို တည်ထောင်သူနှင့် ဥက္ကဋ္ဌလည်း ဖြစ်သည်။[၁] သူသည် တရုတ်ဆေးဝါးကုမ္ပဏီကြီးဖြစ်သော ဝမ်တိုင်း ၏ပိုင်ရှင်လည်းဖြစ်သည်။ ၂၀၂၀ စက်တင်ဘာတွင် သူသည် တရုတ်ပြည်၏ အချမ်းသာဆုံး သူဌေး ဖြစ်သည်။ သူသည်အိန္ဒိယ၏ မာခက်ရှ် အမ်ဘာနီ ပြီးနောက် အာရှ၏အချမ်းသာဆုံးလူ ဖြစ်လာခဲ့သည်။ [၂] [၃]

ကြောင်ရှမ်းရှမ်း
မွေးသက္ကရာဇ် ၁၉၅၄
ဟန်ကျိုးမြို့၊ ဇီကျန်းပြည်နယ် ၊တရုတ်နိုင်ငံ
နိုင်ငံသား တရုတ်
အလုပ်အကိုင် နောင်ဖူးစပရင်း ၊ဝမ်တိုင်း
ကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၇၇ ဘီလျံ

ဘဝ အစပိုင်း ပြင်ဆင်ရန်

ကြောင် သည် အသက် ၁၂ နှစ်အရွယ် ဆဋ္ဌမတန်းတွင် ကျောင်းမှ ထွက်ခဲ့ပြီး တရုတ်ယဉ်ကျေးမှုတော်လှန်ရေး၏ ပရမ်းပတာဖြစ်စဉ်များတွင် အာဏာပိုင်များမှ သူ၏မိဘများအား အခြားအရပ်သားများနှင့်အတူ နှိပ်ကွပ် ခံရချိန်တွင် ဖြစ်သည်။ သူသည်နောက်ပိုင်းတွင်ဆောက်လုပ်ရေးလုပ်သား၊ သတင်းထောက်နှင့် အဖျော်ယမကာရောင်းသူ အပါအဝင်အလုပ်များစွာတွင်လုပ်ကိုင်ခဲ့ပြီးနောက် သူ့ကိုယ်ပိုင်ကုမ္ပဏီကို စတင်ခဲ့သည်။

အလုပ်အကိုင် ပြင်ဆင်ရန်

၁၉၉၆ ခုနှစ်စက်တင်ဘာလတွင် သူသည် ရေသန့်ပုလင်း ထုတ်လုပ်သော နောင်ဖူးစပရင်း ကုမ္ပဏီ ကို တည်ထောင်ခဲ့ပြီးနောက် ၎င်းသည် နှစ်အလိုက် ပုံမှန် တိုးတက်လာခဲ့ပြီး တရုတ်နိုင်ငံ၏ထိပ်တန်း အဖျော်ယမကာကုမ္ပဏီ ဖြစ်လာသည်။ သူသည်ဆေးဝါးကုမ္ပဏီကြီးဖြစ်သော ဝမ်တိုင်း ၏ဥက္ကဋ္ဌလည်းဖြစ်သည်။

ကိုးကားချက်များ ပြင်ဆင်ရန်