ကြေးစား ဟူသည်မှာ အခကြေးငွေတစ်စုံတစ်ရာကို လက်ခံရယူ၍ အလုပ်ရှင်မှအပ်နှံစေခိုင်းလာသော တာဝန်ကိုတစ်ခုခုကို ပြီးပြတ် ကြေနပ်အောင် လုပ်ကိုင်ဆောင်ရွက်ပေးသူဖြစ်သည်။ ကြေးစားတို့မည်သည် သူလုပ်ရမည့်အလုပ်အပေါ်တွင် ကျွမ်းကျင်လိမ္မာခြင်းရှိကြရပြီး ငွေရှင်၏အလိုဆန္ဒကိုသာ အလေးဂရုပြုတတ်ကြကာ လူအများဆန္ဒ၊တရားဥပဒေ စသည်တို့ကိုပင် လိုအပ်ပါက မျက်ကွယ်ပြုတတ်သည်။