ကြွက်မနိုင် ကျီမီးရှို့ ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက် ပြင်ဆင်ရန်

ကြွက်များကို မနိုင်သဖြင့် ကြွက်ခိုအောင်းသည့် ကျီကို မီးရှို့သကဲ့သို့ တစ်ဦးတစ်ယောက်ကို မနိုင်၍ ထိုသူနှင့် ပတ်သက်သည့် နိုင်ရာကို အနိုင်အထက် ပြမူသည်။

မူလရင်းမြစ် ပြင်ဆင်ရန်

  • "အချစ်ကြီးလွန်းလို့ သည်ကဲ့သို့ ဖြစ်ရသည် ငါထင်သည်ကိုပင် မင်းအသိအမြင် ဖြစ်လျက်ကယ်နှင့် ကြွက်ကိုမနိုင် ကျီမီးရှို့သကဲ့သို့ ကောင်းပေငဲ့..." [၁၂၁၅ ခန့်] ဝံသ၊ ဒု။ ၅၆၉။
  • "ကြွက်မနိုင်လို့ ကျီမီးရှို့ဆိုသလို သူ့ကို မနိုင်တဲ့ အတူတူ ကိုယ့်ဘက်ကလူကို အပြစ်ပေးရမှာပဲ..." [၁၂၇၆] မြင့်၊ မ။ ၆၀။

ကျမ်းကိုး ပြင်ဆင်ရန်

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၃၂