ကြွေးပေးကြွေးယူစနစ်
စီးပွားကုန်သွယ်ရေးနယ်ပယ်တွင် ရောင်းချလိုက်သော ကုန်များအတွက် ဖြစ်စေ၊ လက်ပြောင်းလွှဲလိုက်သော ကုန်များ အတွက်ဖြစ်စေ၊ ကျသင့်သော တန်ဖိုးငွေများကို အချိန်ဆိုင်း၍ ပေးချလေ့ရှိသည့် လုပ်ငန်းစဉ်လာမှာ ကြွေးပေးကြွေးယူ ပြု ခြင်းပင် ဖြစ်လေသည်။ ကြွေးပေးကြွေးယူ ပြုလုပ်မှု၌ ယုံကြည် ခြင်းနှင့် ယုံကြည်ထိုက်သော အရည်အချင်းတို့မှာ အထူးအရေး ပါလှပေသည်။ ကုန်သည်အချင်းချင်း အပြန်အလှန် စိတ်ချ ယုံကြည်ကြရခြင်းသည် စွန့်စားရောင်းဝယ်မှုတို့နှင့် အမြတ် အစွန်းမြှော်ကာ အလုပ်ကြီးအကိုင်ကြီး လုပ်ကိုင်မှုတို့၌ ကြီးမား သော အထောက်အပံ့တစ်ရပ် ဖြစ်လာသည့်အလျောက် စီးပွား ရေးပါရဂူများသည် ငွေကြေးဖလှယ်ရေးနှင့် ငွေကြေးရရှိရေး လုပ်ငန်းတို့တွင် ကြွေးပေးကြွေးယူစံနစ်(ဝါ)အကြွေးစံနစ်၏ အရေးပါပုံကို ဂရုတစိုက် ဖော်ပြလေ့ရှိကြသည်။
တစ်ဦးချင်းအနေနှင့်ဆိုသော် ထိုင်ရာမထ ဝယ်စဉ်ခဏ၌ပင် ကုန်ဖိုးငွေချေလိုက်ခြင်းအားဖြင့် အကြွေးစံနစ်ကို ရှောင်နိုင် ဖွယ်ရာ ရှိသော်လည်း၊ စီးပွားကုန်သွယ်ရေး နယ်ပယ်တွင်မူ အကြွေးစံနစ်ကို ရှောင်ရှားရန် မှာ မဖြစ်နိုင်လောက်အောင်ပင် ဖြစ်ပေသည်။ အရောင်းအဝယ် ကြီးကြီးကျယ်ကျယ် ပြုလုပ် သောအခါ၌ ဖြစ်စေ၊ ကမ္ဘာ့အစွန်းတစ်ဖက်မှ အခြားအစွန်း တစ်ဖက်သို့ အပြန်အလှန် ရောင်းဝယ်ကြသည့်အခါ၌ဖြစ်စေ၊ ကုန်ဖိုးငွေများကို တထိုင်တည်း ရှင်းလင်းပေးချရေန်မှာ လက်တွေ့အားဖြင့် လွယ်ကူလှသည်မဟုတ်ပေ။ သို့အားလျော်စွာ စက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလျက်ရှိသည့် မျက်မှောက် ခေတ်တွင် ထုထယ်ကြီးမားသည့် ရောင်းရေးဝယ်တာအဆောက် အုံကြီးသည် အကြွေးစံနစ်ပေါ်တွင် အခြေတည်လျက် ရှိသည်ဟု ဆိုနိုင်ပေသည်။
အကြွေးစံနစ်ကို မူတည်လျက် အရောင်းအဝယ်ပြုလုပ်ကြ သည့်အခါ ငွေအစား ကြွေးပေးကြွေးယူ မြောက် စေသော စာချုပ်စာတမ်းများကို အသုံးပြုကြရလေသည်။ စာချုပ်စာတမ်း အမျိုးမျိုးရှိသည့်အနက် ထင်ရှားသည် တို့မှာ ချက်လက်မှတ် များနှင့် ငွေလွဲစာချုပ်များပင် ဖြစ်သည်။
တစ်နိုင်ငံထဲနေ ကုန်သည်များသည် အကြွေးစံနစ်ဖြင့်
ရောင်းဝယ်ရာတွင် ချက်လက်မှတ်များကို အသုံးပြုကြ၏။
နိုင်ငံသီးခြားတို့၌ နေထိုင်ကြသော ကုန်သည်များမှာမူ ငွေလွဲ
စာချုပ်များကို အသုံးပြုကြသည်။
ချက်လက်မှတ်ဆိုသည်မှာ ဘဏ်တိုက်၌ ငွေအပ်နှံထားသူက သူ၏ငွေ မည်ရွေ့မည်မျှကို ချက်လက်မှတ် လက်ခံရရှိသူအား ထုတ်ပေးရန် ဘဏ်တိုက်သို့ ညွှန်ကြားလိုက်သော အမိန့်လွှာပင် ဖြစ်သည်။ ရောင်းချလိုက်သော ကုန်စည်များအတွက် ချက် လက်မှတ် လက်ခံရရှိမည့် ကုန်သည်သည် ချက်လက်မှတ် ထုတ်ပေးမည့် ကုန်သည်၌ ဘဏ်အပ်ငွေ အလုံအလောက် ရှိသည်ဟူသောအချက်ကို ယုံကြည်စိတ်ချရမှသာလျှင် ချက် လက်မှတ်ကို အသာတကြည် လက်ခံမည် ဖြစ်ပေရာ ချက် လက်မှတ်သုံးစွဲရေးတွင် ယုံကြည်ခြင်းနှင့် ယုံကြည်ထိုက်သော အရည်အချင်းတို့မှာ သော့ချက်များပင် ဖြစ်တော့သည်။ ချက် လက်မှတ်အမျိုးမျိုးရှိသည့်အနက် တစ်မူကွဲပြား ထူးခြားသော ချက်လက်မှတ်တို့ကား ဘဏ်တိုက်ငွေလွှဲ လက်မှတ်များနှင့် ခရီးသည်ချက်လက်မှတ်တို့ကား ဘဏ်တိုက်ငွေလွှဲလက်မှတ် များနှင့် ခရီးသည်ချက်လက်မှတ်များပင် ဖြစ်သည်။ ယင်းတို့မှာ ဘဏ်တိုက် တစ်ခုမှ တစ်ခုသို့လည်းကောင်း၊ တိုင်းပြည်တပြည်ရှိ ဘဏ်တိုက်မှ အခြားတိုင်းပြည်တပြည်ရှိ ဘဏ်တိုက်သို့လည်းကောင်း၊ အဆိုပါချက်လက်မှတ်များကို လက်ခံရရှိသူတို့အား ငွေထုတ်ပေး စေရန် ညွှန်ကြားလိုက်သော အမိန့်လွှာများပင် ဖြစ်၏။ ကမ္ဘာ့ နိုင်ငံအသီးသီးတို့သို့ ခရီးထွက်ကြသော သူတို့သည် မိမိတို့နှင့် အတူတကွ ငွေများစွာ မယူလို မထားလိုကြသည့်အခါ အဆိုပါ ဘဏ်တိုက်ငွေလွဲလက်မှတ်များနှင့် ခရီးသည် ချက်လက်မှတ် များကို အသုံးပြုလေ့ ရှိကြသည်။
ငွေလွှဲစာချုပ်မှာ ဘဏ်တိုက်ငွေလွှဲလက်မှတ်၊ ခရီးဆောင် ချက်လက်မှတ်တို့နှင့် မတူဘဲ တစ်မျိုးတစ်စား ဖြစ်သည် အားလျော်စွာ၊ ဥဒါဟရုဏ်ဆောင်ကာ ရှင်းလင်းဖော်ပြရပေမည်။ ဩစတြေးလီးယားနိုင်ငံမှ လယ်သမားတစ်ဦးသည် အင်္ဂလန် ပြည်ရှိ ကုန်သည်တစ်ဦးထံသို့ ဂျုံများကို တင်ပို့လိုက်သည်တွင် ကုန်သည်နံမည်နှင့် ထုတ်ပေးသော ငွေလွှဲစာချုပ်ကို ဂျုံဖိုးအဖြစ် ဖြင့် လက်ခံရရှိ၏။ လယ်သမားသည် ထိုလက်ခံရရှိသော ငွေလွှဲစာချုပ်ကို မြို့ခံဘဏ်တိုက်တစ်ခုသို့ သွားရောက်ပြီးလျှင် စာချုပ်ကို လွှဲပေးလိုက်၏။ ဘဏ်တိုက်သည် ငွေလွှဲစာချုပ်ကို လက်ခံ၍ လယ်သမားအား စာချုပ်ပါ ငွေများကို လျှော့နှုန်းဖြင့် ထုတ်ပေးလိုက်၏။ (လျှော့နှုန်းဖြင့် ထုတ်ပေးခြင်းမှာ အတိုး တွက် ကာမိစေရန်ဖြစ်သည်။) ထို့နောက် မြို့ခံဘဏ်တိုက်သည် လန်ဒန်မြို့၌ ရှိသော ယင်း၏ဌာနခွဲ ဘဏ်တိုက်သို့ အဆိုပါ ငွေလွှဲစာချုပ်ကို တစ်ဆင့်ကမ်းလိုက်ရာ လန်ဒန်ဘဏ်တိုက် သည် သက်ဆိုင်သည့် ကုန်သည်အား ထိုငွေလွှဲစာချုပ်ကို လွှဲ အပ်၍ သတ်မှတ်ထားသော နေ့ရက်တွင် ကျသင့်သော ငွေများ ကို လက်ခံရယူလိုက်လေသည်။ ဤသို့အားဖြင့် ကုန်သည်တွင် ဩစတြေးလီးယားနိုင်ငံသို့ ငွေတင်ပို့ရသည့် ဒုက္ခငြိမ်းသွားသည့် နည်းတူ လယ်သမား၌လည်း ဂျုံရောင်းပြီးသည့်တိုင်အောင် ငွေ စောင့်မြော်ရသော ဒုက္ခမှ လွတ်ကင်းရပေသည်။
ငွေလွှဲစာချုပ်များသည် လက်ပြောင်းနိုင်သော စာချုပ်များ ဖြစ်ကြသည့်အလျောက် ကုန်သွယ်ရေးနယ်ပယ်တွင် ငွေပေါ် လွယ်စေသော အကျိုးကျေးဇူးကို ဖြစ်ထွန်းစေသည်၊ ဘဏ်တိုက် များတွင် အကျိုးကျေးဇူးကို ဖြစ်ထွန်းစေသည်၊ ဘဏ်တိုက်များ တွင် စာချုပ်လက်ခံရာ ဌာနများဟူ၍ သီးသန့်ထားရှိကာ ငွေလွဲ စာချုပ်များကို လက်ခံရှင်းလင်းပေးကြသည်။ ဘဏ်တိုက်များက ထိုသို့ ကြားဝင်ကာ ဆောင်ရွက်ပေးကြသည့်အတွက် ငွေများကို လက်ထိလက်ရောက် အသုံးပြုရခြင်းမှ လွတ်ကင်း၍ တစ်နိုင်ငံမှ ကုန်စည်များကို အခြားတစ်နိုင်ငံမှ ကုန်စည်များနှင့် ယုံကြည် စိတ်ချစွာ ဖလှယ်ယူနိုင်လေသည်။ ထို့ပြင်လည်း ကြွေးပေးကြွေး ယူ ပြုလုပ်မှုဟူသမျှသည် ငွေကို အသုံးပြုရခြင်းမှ လွတ်ကင်း စေကြသည်သာ ဖြစ်ပေသည်။[၁]
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)