ကွန်ဂိုနာ့စ်မြို့
ကွန်ဂိုနာ့စ်မြို့ သည် ဘရာဇီးနိုင်ငံ မီနာဂျရိုက်စ်ပြည်နယ်တွင် ရှိသော သမိုင်းဝင်မြို့တော်တစ်ခု ဖြစ်သည်။ မီနာဂျရိုက်စ်ပြည်နယ်၏ မြို့တော် ဘယ်လိုဒီဇုန်ချီမှတောင်ဘက် ၉၀ ကီလိုမီတာ (၅၆ မိုင်) အကွာတွင် တည်ရှိသည်။ လူဦးရေ ၅၀,၀၀၀ မျှ ရှိသည်။
ကွန်ဂိုနာ့စ်ရှိ ယေရှုခရစ်၏ ခိုလှုံရာ ဘုရားကျောင်း* | |
---|---|
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ | |
ကွန်ဂိုနာ့စ်ရှိ ယေရှုခရစ်၏ ခိုလှုံရာ ဘုရားကျောင်း | |
တည်ရှိသည့် နိုင်ငံ | ဘရာဇီး |
အမျိုးအစား | ယဉ်ကျေးမှု |
ရွေးချယ်သည့်စံနှုန်း | i, iv |
ကိုးကား | ၃၃၄ |
ဒေသ** | လက်တင်အမေရိက နှင့် ကာရစ်ဘီယံ |
သတ်မှတ်ခြင်း မှတ်တမ်း | |
စတင်သတ်မှတ်ခြင်း | ၁၉၈၅ (နဝမအကြိမ်) |
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည် ** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ |
ကွန်ဂိုနာ့စ်ရှိ ယေရှုခရစ်၏ ခိုလှုံရာ ဘုရားကျောင်း
ပြင်ဆင်ရန်မြို့တော်သည် ဘာဆေးလီကာ ဘုရာကျောင်းတစ်ခု ဖြစ်သော ယေရှုခရစ်၏ ခိုလှုံရာ ဘုရားကျောင်းကြောင့် ထင်ရှားပြီး ထိုဘုရားကျောင်းတွင် ၁၈ ရာစုအတွင်းက ပေါ်တူဂီလူမျိုး စွန့်စားရှာဖွေသူ ဖယ်လီရှာနို မန်ဒက်စ် တည်ဆောက်ခဲ့သော ကန့်ကူ ပန်းပုရုပ်များ ရှိသည်။[၁] ကမ္ဘာပေါ်ရှိ ဘာရော့စတိုင်လ် အနုပညာရှင်များတွင် အထူးချွန်ဆုံး တစ်ယောက်ဖြစ်သော အယ်လီဂျာဒီနိုမှ ဖန်တီးခဲ့ခြင်း ဖြစ်သည်။ လသာဆောင်ရှိ ဓမ္မဟောင်းကျမ်း တမန်တော် ၁၂ ဦး ပန်းပုရုပ်မှာ သူ၏ အကောင်းဆုံး လက်ရာ တစ်ခုဟု မှတ်ယူကြသည်။ ၁၉၈၅တွင် ဘုရားကျောင်းအား ယူနက်စကို မှ ကမ္ဘာ့အမွေအနှစ်နေရာ တစ်ခု အဖြစ် စာရင်းသွင်းခဲ့သည်။
ကိုးကား
ပြင်ဆင်ရန်- ↑ Palmerlee၊ Danny (2007-01-01)။ South America on a Shoestring (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Lonely Planet။ ISBN 9781741044430။