ကွန်တိုမျဉ်း

(ကွန်တို မှ ပြန်ညွှန်းထားသည်)

ကွန်တိုမျဉ်း (အင်္ဂလိပ်: Contour line) များအား မြေပုံပေါ်တွင် အမြင့်တူသော ဒေသများကို မျဉ်းတစ်ဆက်တည်း ဆက်သွယ်ရေးဆွဲထားခြင်းဖြင့် ဒေသ၏ အနိမ့်အမြင့် မျက်နှာပြင် အနေအထားကို မှန်းဆသိရှိနိုင်ပေသည်။ ထိုအနိမ့်အမြင့်ပြမျဉ်းကို ကွန်တိုဟု ခေါ်သည်။ ကွန်တိုမျဉ်းများတွင် အမြင့်ပေကို ဖော်ပြထားလေ့ရှိသည်။ အမြင့်မျဉ်းစိပ်လျှင် မြေစောက်မှန်းသိသာ၍ အမြင့်မျဉ်းကျဲလျင် မြေဆင်ခြေလျော ကျသည်ကို သိသာသည်။ မျဉ်းရစ်ဝိုင်း၍သွားလျင် တောင်ပမာ မြင့်မောက်တက်နေသည်ကို သိသာသည်။ မျဉ်းတို့၏ သတ်မှတ်ချက်တွင် အနည်းဆုံးပေ ၅၀ မြင့်လျှင် မျဉ်းတစ်ရစ်ပြရာမှ မြေပုံချုံနှုန်းအလိုက် ပေ တစ်ထောင် နှစ်ထောင်တွင် တရစ်အားဖြင့်လည်း ဖော်ပြကြသည်။[၁]

The bottom part of the diagram shows some contour lines with a straight line running through the location of the maximum value. The curve at the top represents the values along that straight line.

ကိုးကား ပြင်ဆင်ရန်

  1. လှသမိန် (ဧပြီ ၁၉၇၈)။ "ကွန်တိုမျဉ်း" (pdf)။ in စာပေစိစစ်ရေးကော်မတီ (ed.)။ ဗဟုသုတ စွယ်စုံ (ပထမအကြိမ် ed.)။ တောက်တောက်ဝင်း ပုံနှိပ်တိုက်၊ ရန်ကုန်မြို့။: ဇော်မော် စာပေ။