ကွန်ပျူတာ ဂျာနယ် သည် မြန်မာနိုင်ငံရှိ လစဉ်ထုတ် နည်းပညာဂျာနယ် တစောင်ဖြစ်သည်။ ၁၉၉၅ ခု၊ မတ်လတွင် စတင်ထုတ်ဝေသည်။ မြန်မာကွန်ပျူတာပညာရှင်များအသင်းဝင်တို့ ဝင်ရောက်ရေးသားလေ့ ရှိသည်။

ဆောင်းပါးများ၊ ပြည်တွင်း နည်းပညာသတင်းများ၊ ဆော့ဝဲအသုံးပြုနည်း သင်ခန်းစာများ၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းတို့၏ ဈေးကွက်အခြေအနေတို့ကို ဖော်ပြလေ့ရှိသည်။