ကွန်ပျူတာတက္ကသိုလ်(ပင်လုံ)

ကွန်ပျူတာတက္ကသိုလ်(ပင်လုံ)သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်လွိုင်လင်မှ ပင်လုံသို့သွားသော ပြည်ထောင်စုလမ်းမကြီး၏ လက်ဝဲဘက်တွင် တည်ရှိပြီး လွိုင်လင်မြို့မှ ၁ မိုင်ခန့် ကွာဝေးသည်။ တက္ကသိုလ်၏ ဧရိယာအကျယ်အဝန်းမှာ ၁၀၆ ဧက ဖြစ်သည်။[၁]

သမိုင်းကြောင်း ပြင်ဆင်ရန်

အစိုးရကွန်ပျူတာကောလိပ်(ပင်လုံ) ကို ၂၀၀၂ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၀၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ကွန်ပျူတာတက္ကသိုလ်(ပင်လုံ) အဖြစ် တက္ကသိုလ်အဆင့်သို့ တိုးမြှင့် ဖွင့်လှစ်ခဲ့သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ Background Histroy။ ၁၅ စက်တင်ဘာ ၂၀၁၆ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်