ကွန်ပျူတာတက္ကသိုလ်(ဘားအံ)

ကွန်ပျူတာတက္ကသိုလ်(ဘားအံ)သည် ကရင်ပြည်နယ်ဘားအံမြို့မှ (၅)မိုင်ခန့်အကွာ၊ ဘားကပ်စံပြ ကျေးရွာအနီးတွင် တည်ရှိပြီး စုစုပေါင်းဧရိယာ အကျယ်အဝန်းမှာ (၄၁.၃၃)ဧက ဖြစ်သည်။[] သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနအဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန လက်အောက်ရှိ နိုင်ငံပိုင်တက္ကသိုလ်တစ်ခု ဖြစ်သည်။

ကွန်ပျူတာတက္ကသိုလ် (ဘားအံ)
ဆောင်ပုဒ်မြန်မှန်တွက်ချက် တိုင်းပြည်တွက်
အမျိုးအစားအများဆိုင်
တည်ထောင်စက်တင်ဘာ ၂၀၀၁၊ ၃; ၂၃ နှစ် အကြာက (၃-၀၉-2001)
ပါမောက္ခချုပ်ဒေါက်တာငြိမ်းအေး
တည်နေရာဘားအံမြို့, ကရင်ပြည်နယ်, မြန်မာနိုင်ငံ မြန်မာနိုင်ငံ
ပရဝုဏ်၄၁.၃၃ ဧက
ဝဘ်ဆိုဒ်cuhpn.moe-st.gov.mm

သမိုင်းကြောင်း

ပြင်ဆင်ရန်

၂၀၀၁ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့တွင် အစိုးရကွန်ပျူတာကောလိပ် အဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ကွန်ပျူတာတက္ကသိုလ်(ဘားအံ) အဖြစ် အဆင့်မြှင့်တင်ခဲ့သည်။

သင်တန်းများ

ပြင်ဆင်ရန်

ကွန်ပျူတာတက္ကသိုလ်(ဘားအံ)မှ ဖွင့်လှစ်သင်ကြား ပို့ချလျက်ရှိသော သင်တန်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။[]

  • ပထမနှစ် ကွန်ပျူတာသိပ္ပံနှင့်နည်းပညာ
  • ဒုတိယနှစ် ကွန်ပျူတာသိပ္ပံ
  • ဒုတိယနှစ် ကွန်ပျူတာနည်းပညာ
  • တတိယနှစ် ကွန်ပျူတာသိပ္ပံ
  • တတိယနှစ် ကွန်ပျူတာနည်းပညာ

ပေးအပ်ချီးမြှင့်သောဘွဲ့များ

ပြင်ဆင်ရန်

ကွန်ပျူတာတက္ကသိုလ်(ဘားအံ)မှ ပေးအပ်ချီးမြှင့်သော ဘွဲ့ဒီဂရီများနှင့် အသိအမှတ်ပြုလက်မှတ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။[]

  • ကွန်ပျူတာသိပ္ပံဘွဲ့ B.C.Sc
  • ကွန်ပျူတာနည်းပညာဘွဲ့ B.C.Tech
  • ကွန်ပျူတာသိပ္ပံဂုဏ်ထူးဘွဲ့ B.C.Sc(Hons:)
  • ကွန်ပျူတာနည်းပညာဂုဏ်ထူးဘွဲ့ B.C.Tech(Hons:)
  • အချိန်ပိုင်းနည်းပညာဒီပလိုမာ
  1. ၁.၀ ၁.၁ ၁.၂ ကွန်ပျူတာတက္ကသိုလ်(ဘားအံ)။ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန။ ၂၀၁၄-၁၁-၁၄ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]