ကွန်ပျူတာကွန်ယက် နည်းပညာ
ကွန်ပျူတာကွန်ယက် သို့မဟုတ် ဒေတာ ကွန်ယက် ဆိုသည်မှာ ကွန်ပျူတာ အချင်းချင်း အချက်အလက်များ အပြန်အလှန် ဖလှယ်နိုင်သည် အဝေး ဆက်သွယ်ရေး ကွန်ယက် တစ်ခု ဖြစ်သည်။ ကွန်ပျူတာ ကွန်ယက်တွင် ကွန်ယက် ချိတ်ဆက်ထားသော ကွန်ပျူတာ များက ကွန်ယက် ဆက်ကြောင်း တွင် အချက်အလက်များကို ဟိုမှ သည်မှ ပေးပို့လေ့ ရှိသည်။ ကွန်ယက် အတွင်းမှ ပစ္စည်း တစ်ခုချင်းစီ ကြားတွင် ကြိုး သို့မဟုတ် ကြိုးမဲ့ ကြားခံနယ် တစ်ခု အသုံးပြု၍ ချိတ်ဆက် ကြသည်။ လူသိ အများဆုံး ကွန်ပျူတာ ကွန်ယက်မှာ အင်တာနက် ဖြစ်သည်။
OSI မော်ဒယ်လ် |
7.Application Layer |
NNTP SIP SSI DNS FTP Gopher HTTP NFS NTP SMPP SMTP SNMP Telnet |
6.Presentation Layer |
MIME XDR SSL TLS |
5. Session Layer |
Named Pipes NetBIOS SAP SDP Sockets Session establishment in TCP SIP. |
4.Transport Layer |
TCP UDP IPsec PPTP L2TP |
3.Network Layer |
IP ARP ICMP DHCP RIP OSPF BGP IGMP IS-IS IGRP EIGRP |
2.Data Link Layer |
PPP SLIP |
1.Physical Layer |
RS-232 V.35V.34I.430I.431T1E1 802.3 Ethernet 10BASE-T 100BASE-TXPOTSSONET DSL 802.11a/b/g/n PHY |
အချက်အလက်များကို စတင် ထုတ်လွှတ်သော၊ လှည့်ပတ်ပို့ဆောင်ပေးသော သို့မဟုတ် အဆုံးသတ်သော ကွန်ယက် အတွင်းရှိ ကွန်ပျူတာ ကိရိယာများကို ကွန်ယက်၏ နုတ်ဒ်များ (nodes) ဟုခေါ်သည်။ နုတ်ဒ်များတွင် ဟို့စ် (hosts ) များ ဖြစ်သော ကွန်ပျူတာများ၊ ဖုန်းများ၊ ဆာဗာများအပြင် ကွန်ယက် ချိတ်ဆက်ရာတွင် အသုံးပြုသော ဟတ်ဒ်ဝဲလ်များလည်း ပါဝင်သည်။ ကိရိယာ နှစ်ခုသည် အခြား ကိရိယာတစ်ခုနှင့် သတင်းအချက်အလက် ဖလှယ်ခြင်း ပြုလုပ်နိုင်ပါက ထိုကိရိယာနှစ်ခုသည် တိုက်ရိုက်ချိတ်ဆက်ထားသည် ဖြစ်စေ၊ မချိတ်ဆက်ထားသည် ဖြစ်စေ ကွန်ယက်ချိတ်ဆက်ထားသည်ဟု ခေါ်ဆိုနိုင်သည်။
![]() | ဤ ဆောင်းပါးမှာ ဆောင်းပါးတို တစ်ပုဒ်ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |