ကွန်ဖြူးရှပ် နီတိ (တရုတ် 論語 လွန်ယွီ) သည် တရုတ် အတွေးအခေါ် ပညာရှင် ကွန်ဖြူးရှပ်နှင့် တပည့်များ ဆွေးနွေးပြောကြားခဲ့သည့် စကားများ၊ လမ်းညွှန်ချက်များ၊ အတွေးအခေါ်များကို စုစည်းထားသည့် ကျမ်းတစ်စောင်ဖြစ်သည်။ ကွန်ဖြူးရှပ် ကွယ်လွန်ပြီးနောက် သူ၏ နောက်လိုက် တပည့်များက ဘီစီ ၅၀၀ ခန့်တွင် ရေးသားပြုစုခဲ့သည်။ နိုင်ငံရေး၊ ပညာရေး၊ စာပေ၊ ဒဿနိက၊ ကျင့်ဝတ်ကျင့်စဉ် စသည်ဖြင့် ကဏ္ဍပေါင်းစုံပါဝင်သည်။ ကွန်ဖြူးရှပ်ဝါဒ လေ့လာသူများအတွက် အရေးပါသော ကျမ်းတစ်စောင်ဖြစ်ပြီး တရုတ်နှင့် အရှေ့အာရှ နိုင်ငံများတွင် ယနေ့အထိ လွမ်းမိုးနေဆဲဖြစ်သည်။ ယခုခေတ်တွင် တွေ့ရှိရသည့် စာမူမှာ ဘီစီ ၂၀၀ ခန့်တွင် ရေးသားပြုစုခဲ့သည့် အခန်း ၂၀၊ စာလုံး ၁၂၀၀၀ ပါ စာမူဖြစ်သည်။ [၁]

ကိုးကား ပြင်ဆင်ရန်