[၁] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်ဝယ် ရဟန်းတော်တို့အား နိဗ္ဗာန်နှင့်စပ်သော တရားတော်ကို ဟောတော်မူစဉ် ရဟန်းတို့၏ ပညာမျက်စိပျက်စီးစေရန် နှောက်ယှက်လိုသဖြင့် လယ်သမားအသွင်ဖြင့် မာရ်နတ်ရောက်ရှိပြီး “အဇ္ဈတ္တိကာယတန ၆-ပါး၊ ဗဟိဒ္ဓါယတန ၆-ပါး၊ ဖဿာယတန ၆-ပါး၊ ဝိညာဏာယတန ၆-ပါးတို့သည် ကျွန်ုပ်၏ဥစ္စာပစ္စည်းများဖြစ်၍ သင် ဘယ် ကိုသွားသွား ကျွန်ုပ်၏နယ်ပယ်မှ မလွတ်မြောက်နိုင်ပုံကို အသီးသီးလျှောက်ထားသဖြင့် တဏှာ, ဒိဋ္ဌိတို့မှ လွတ်မြောက်တော်မူပြီးသော ငါဘုရားသွားရာလမ်းခရီးကို သင်မာရ် နတ် မြင်နိုင်လိမ့်မည်မဟုတ်-ဟု ဘုရားရှင် အကျယ်ရှင်း၍ ဟောတော်မူသည့်သုတ်။ [၂]

ကိုးကား ပြင်ဆင်ရန်

  1. -သံ၊၁၊၁၁၆-၇။ သံ၊မြန်၊၁၊၁၁၂-၃။ သံ၊ဋ္ဌ၊၁၊၁၆၅။ သံ၊ဋီ၊၁၊၂၁၂-၃။ -သံယုတ္တနိကာယ၊ သဂါထာဝဂ္ဂသံယုတ္တ၊ ၄-မာရသံယုတ္တ၊ ဒုတိယဝဂ်၊ နဝမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ