က ရိုး မက ဆန်း၍က နှပ်ပစ်ခံရ

က ရိုး မက ဆန်း၍က နှပ်ပစ်ခံရ သည် မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက် ပြင်ဆင်ရန်

ကချေသည်သည် ကနေကျအတိုင်း မကဘဲ ဆန်းပြားစွာ ကမိသောကြောင့် ပရိသတ်၏ ကိုယ်ထိလက်ရောက် ရှုတ်ချခြင်း ခံရသကဲ့သို့ မိမိအလုပ်ကို မိမိလုပ်နေကျအတိုင်း မလုပ်ဘဲ မဆင်မခြင် ဆန်းပြားစွာ ပြုလုပ်မိသောကြောင့် ပြစ်တင်ရှုတ်ချခြင်းခံရသည်။

ကျမ်းကိုး ပြင်ဆင်ရန်

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၂