ခဂျူးဂျိ (勧修寺, Kajū-ji) သည် ဂျပန်နိုင်ငံကျိုတိုမြို့ယာမရှိနရပ်ကွက်တွင် တည်ရှိသည့် ရှင်ဂွန်းဗုဒ္ဓဘာသာကျောင်းတော်တစ်ခု ဖြစ်သည်။ ဤကျောင်းတော်ကို တချိန်က "Kwajū-ji" သို့မဟုတ် "Kanshu-ji" ဟု စာလုံးပေါင်းခဲ့ကြသည်။[]

ရှင်းဒန်း (Shinden)
ခန်နွန်းဒိုး (Kannon-do)

သမိုင်းကြောင်း

ပြင်ဆင်ရန်

ကျောင်းတော်သည် လက်ရှိနေရာတွင် အေဒီ ၉၀၀ ရာစုအစောကတည်းက တည်ရှိခဲ့သည်။ ခဂျူးဂျိကို "ခစ်ခိ-စန်" ဟု လူသိများကြသည့် ဘုရင်ဒိုင်းဂိုက တည်ဆောက်ခဲ့သည်။ ဤကျောင်းတော်ရှိသည့်နေရာတွင် ဘုရင်၏ မိခင်ဖြစ်သူသည် သူမ၏ အရေးပါသည့်ဘဝအစိတ်အပိုင်းတစ်ခုစာ နေထိုင်သွားသည့်အတွက် သူမသေဆုံးပြီးနောက် ထိုနေရာတွင် ကျောင်းဆောက်လုပ်ရန်ရွေးချယ်ခဲ့သည်ဟု ဆိုကြသည်။ ကျောင်းတော်ကိုလည်း မိခင်ဖြစ်သူအား အောက်မေ့သည့်အနေဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

ကျောင်းတော်သည် ၁၄၇၀ ခုနှစ် အွန်နင်းစစ်ပွဲ (Onin War) တွင် ဖျက်ဆီးခံခဲ့ရသည်။ နောက်ပိုင်းတွင် ဘုရင့်နန်းတော်နှင့် တိုခဂဝမိသားစုတို့ကို ကျောင်းတော်ကို ပြန်လည်ပြုပြင်ခဲ့သည်။ ကျောင်းတော်ကို ဆက်ခံမည့်ဘုန်းတော်ကြီးများကိုလည်း ဘုရင့်မိသားစုက တိုက်ရိုက်ရွေးချယ်ခဲ့ကြသည်။ မိတိုမိဆွတ်ခုနိ ("မိတိုခိုမွန်" ဟု လူသိများ) သည် ရှောအင်း၏ အရှေ့တွင်ကျောက်တုံးဖြင့်ပြုလုပ်ထားသည့် မီးအိမ်များကို လှူဒါန်းခဲ့သည်။

မွန်ဇဲခိ

ပြင်ဆင်ရန်

ဥယျာဉ်နှင့် ရေကန်

ပြင်ဆင်ရန်

ခဂျူးဂျိသည် ၎င်း၏ ဥယျာဉ်နှင့် နှင်းပန်းများကြောင့်လည်း လူသိများသည်။ ဥယျာဉ်ကို မူလက လှေစီးခြင်းနှင့် ပါတီပွဲများအတွက် အသုံးပြုခဲ့ြြသည်။

ကျောင်းတော်ရှိ ကြီးမားသည့် ရေကန်ကို "ဟမုရို-နို" ဟု ခေါ်ပြီး ဥယျာဉ်အတွင်းရှိ အဓိကကျသည့် နေရာတစ်ခု ဖြစ်သည်။ ရေကန်ပါရှိသည့် ဤဥယျာဉ်သည် ကြာများ၊ နှင်းပန်းများနှင့် အိုင်းရစ်ပန်းများဖြင့် ထင်ရှားသည်။ တချိန်တုန်းက ရေကန်သည် ပိုမို၍ ကြီးမားခဲ့သည်။ အဲဒိုခေတ်တွင် နန်းတော်မှ နေရာရွှေ့ကာစိုက်ပျိုးထားသည့် သက်တမ်းရင့်ဆီးသီးပင်တစ်ပင်ကို တစ်နှစ်ပတ်လုံးကြည့်ရှုမြင်တွေ့နိုင်ပြီး ဖေဖော်ဝါရီလတွင် ကြည့်ရှုပါက အကောင်းဆုံးဖြစ်သည်ဟု ဆိုကြသည်။

ပြင်ပလင့်များ

ပြင်ဆင်ရန်

ကိုဩဒိနိတ်: 34°57′42″N 135°48′27″E / 34.96167°N 135.80750°E / 34.96167; 135.80750

  1. Kyoto Prefectural Government Tourism Division: Kajū-ji. Archived 2012-02-12 at the Wayback Machine.