ခင်ခင်နု

မြန်မာ့ပထမဆုံးရုပ်ရှင်မင်းသမီး
(ခင်ခင်နု၊ (ရုပ်ရှင်သရုပ်ဆောင်) မှ ပြန်ညွှန်းထားသည်)

ခင်ခင်နု (၁၈၉၅ ဝန်းကျင် − ၁၉၄၉) သည် မြန်မာ့ရုပ်ရှင်၏ ပထမဆုံး ရုပ်ရှင်မင်းသမီး ဖြစ်သည်။

ခင်ခင်နု
မွေးဖွားမငွေမြိုင်
သက္ကရာဇ် ၁၂၅၃
ကြည့်မြင်တိုင်မြန်မာနိုင်ငံ
နိုင်ငံလူမျိုးမြန်မာ
အလုပ်အကိုင်သရုပ်ဆောင်၊ ရုပ်ရှင်မင်းသမီး
တက်ကြွလှုပ်ရှားနှစ်များ၁၉၄၉
ရရှိသည့်ဆုများမြန်မာ့ ရုပ်ရှင် ထူးချွန်ဆု (၁၈၉၅၊ ၁၉၄၉)

ငယ်ဘဝနှင့် ပညာရေး ပြင်ဆင်ရန်

ကြည့်မြင်တိုင်၊ စမ်းချောင်း ရှင်စောပုလမ်းတွင် သက္ကရာဇ် ၁၂၅၃ ခု၌ ဖွားသည်။ အမည်ရင်းမှာ မငွေမြိုင် ဖြစ်သည်။

ငယ်စဉ်ကပင် အကဝါသနာပါသည်။ အပျိုအရွယ်တွင် အရပ်ယိမ်းများ၌ ပါဝင်ကပြရာ လူအများပင် နှစ်ခြိုက်ကြသည်။ အကကောင်းရုံမက ဇာတ်မူဇာတ်ဟန်လည်း အလွန်ပါလေသည်။ ထိုးထွင်းဉာဏ်နှင့် ပြည့်စုံ သူတစ်ဦးဖြစ်သည့်အလျောက် ဆရာသင်ကြားပြသမျှကို အလွယ်တကူနှင့် နည်းယူ အတုခိုးတတ်သည်။ သီချင်းဆိုလည်း မညံ့။

အလုပ်အကိုင် ပြင်ဆင်ရန်

မေတ္တာ နှင့် သူရာ အောင်မြင်ပြီးနောက် ကျေးတောသူမနု ဇာတ်ကားကို ရိုက်ကူးရန် ဇာတ်လိုက်မင်းသမီးအဖြစ် ရွေးချယ်လိုက်သည်။ ကျေးတောသူ မနု ဇာတ်ကားကို အကြောင်းပြု၍ ခင်ခင်နု တွင်လေသည်။ လန်ဒန်အတ်နှင့် တွဲကာ ဇာတ်ကားပေါင်း (၃၀) ကျော် ရိုက်ကူးခဲ့သည်။ အသံတိတ်ကားများတွင် အရှည်ဆုံးဖြစ်သော ရတနာပုံ တွင် ဇာတ်လမ်းပေါ်ရန် မန္တလေးသို့ သွားကာ အချိန်အတော်ကြာ ရိုက်ကူးရသည်။ ထိုဇာတ်ကားပြီးနောက် မင်းသား မောင်ဘတင့်၊ ဒါရိုက်တာ ဦးတုတ်ကြီးနှင့် ခင်ခင်နုတို့ အတွဲလိုက် နာမည်ကြီးလာသည်။

လန်ဒန်အတ်၌ ၉ နှစ်ခန့် ဝင်ရောက်လုပ်ကိုင်ပြီးနောက် နေသူရိန် ဇာတ်ကားကို ရိုက်မည့်ဆဲဆဲတွင် ကုမ္ပဏီမှ ထွက်ခဲ့လေသည်။

ပါဝင်သော ဇာတ်ကားများ ပြင်ဆင်ရန်

အသံတိတ်
ခေါင်းစဉ် ရုံတင်နှစ် ဒါရိုက်တာ သရုပ်ဆောင်များ ထုတ်ဝေသူ မှတ်ချက်
ကျေးတောသူ မနု မောင်ဘဌေး လန်ဒန်အတ်
စိန်ခြူးကြာညောင် လန်ဒန်အတ်
ရတနာပုံ မောင်ဘတင့် လန်ဒန်အတ်
ဗိုလ်ဝ မောင်ဘတင့် လန်ဒန်အတ်
သားဗိုလ်ဝ လန်ဒန်အတ်
သမီးဗိုလ်ဝ လန်ဒန်အတ်
တပြည်သူ လန်ဒန်အတ်
မေဓာဝီ လန်ဒန်အတ်
စိန်တလေး လန်ဒန်အတ်
ဆုထူးပန် မောင်ဘဌေး လန်ဒန်အတ်
သူဌေးမ ဇမ္ဗူ့မိတ်ဆွေ
မုဆိုးဘို [၁] ရွှေပြည်စိုး

မိသားစုဘဝ ပြင်ဆင်ရန်

မင်းသား မောင်ဘတင့်နှင့် အိမ်ထောင်ကျသည်။ နှစ်ဦးစပ်၍ ခင်ခင်နု ကုမ္ပဏီကို တည်ထောင်ခဲ့သေးသည်။ သို့သော် ကြာရှည်မခံ။ နောက်ပိုင်း ဘတင့်နှင့် အိမ်ထောင်ကွဲသည်။

ဘဝနိဂုံး ပြင်ဆင်ရန်

၁၉၄၉ ခုတွင် အနိစ္စရောက်သည်။[၂]

ကိုးကား ပြင်ဆင်ရန်

  1. ရွှေပြည်စိုး ခင်ခင်နု
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)