ခင်ခင်မကြီး (ခန်းပတ်သခင်ကြီး)

(ခင်ခင်မလေး မှ ပြန်ညွှန်းထားသည်)

ခင်ခင်မကြီးဟုအမည်ရခြင်း ပြင်ဆင်ရန်

ရတနာသိင်္ဃဒိုင်းဝန် (နောင်တွင် ခန်းပတ်မင်းကြီးရာထူးရရှိ)၏ သမီးတော်ကြီးဖြစ်သည်။ ထို့‌ကြောင့် သခင်ကြီးဟုလည်း ချစ်စနိုးဖြင့်ခေါ်ကြသည်။ မြန်မာမင်းများ၏ နန်းဓလေ့ထုံးစံတွင် မှူးမတ်နွယ်ဝင်ဖြစ်လာသော အမျိုးသားများ၏ သမီးများသည် ခင်ခင်[၁]ဟူသည့် ဘွဲ့ကို တပ်ခေါ်ခွင့်ရရှိသည့် ထုံးစံရှိခဲ့ရာမှ မမကြီးဟူသည့် မူရင်းနာမည်မှ ခင်ခင်မကြီးဟူ၍ အမည်တွင်လာခဲ့သည်။ မောင်ဖြစ်သူမှာ ဒိုင်းအတွင်းဝန် မောင်ဘိုးကြီးဖြစ်ပါသည်။

ဘဝဖြစ်စဉ် ပြင်ဆင်ရန်

မျိုးရိုး ပြင်ဆင်ရန်

ခန်းပတ်သခင်ကြီးခေါ် ခင်ခင်ကြီး၏ ဖခင်မျိုးရိုးစဉ်ဆက်သည် ပုဂံခေတ်မင်းသမီးနှစ်ပါး၏ အမျိုးအနွယ်မှဆင်းသက်ပေါက်ဖွားလာခဲ့ကြသည်။ တရုတ်ပြေးမင်းလက်ထက်တွင် မွန်ဂို တာတာရန်ကြောင့် အုပ်ချုပ်ရေး တကွဲတပြားဖြစ်နေသည့်အတွက် မင်းသားမင်းသမီးများသည် ဘေးလွတ်ရာသို့တိမ်းရှောင်ကြရရှာသည်။[၂] ထိုအထဲတွင် ခင်ခင်ကြီး၏ ဘိုးဘေးတော်မ မင်းသမီးများလည်းအပါအဝင်ဖြစ်ပါသည်။

ကွယ်လွန် ပြင်ဆင်ရန်

ခင်ခင်မကြီးသည် ၁၂၉၂ခုနှစ် အသက်၈၆နှစ်တွင် ကံကုန်သည်။

ကိုးကား ပြင်ဆင်ရန်

  1. မောင်မောင်တင်၊ ဦး။ "ရွှေနန်းသုံးဝေါဟာရအဘိဓာန်"။ ဗုဒ္ဓသာသနာအဖွဲ့ပုံနှိပ်တိုက်၊ ရန်ကုန်။ ၁၉၇၅၊ ဒီဇင်ဘာ။[စိစစ်အတည်ပြုရန် လိုအပ်သည်] ခင်ခင်ဟူသည် မှူးမတ်နွယ်ဝင်အရာရှိများ၏ သမီးများကို ခေါ်ဆိုရန် ရွှေနန်းရှင်ဘုရားမှ အမိန့်တော်ရှိခဲ့သဖြင့် ခေါ်တော်မူရကြောင်း။
  2. သခင်အောင်ဆန်းရေးသည့် တစ်သက်တာ ဆွေစဉ်မျိုးဆက်အကြောင်းစာအုပ်။[စိစစ်အတည်ပြုရန် လိုအပ်သည်] ထိုစာအုပ်တွင် ခန်းပတ်မင်းကြီးနှင့် အမျိုးတော်ပုံကို ရေးသားထားသည်ကို တွေ့ရသည်။