ခင်စန်းဝင်း (၈ ဇွန် ၁၉၆၅ မွေးဖွား) သည် မြန်မာလူမျိုး မိတ်ကပ်ပညာရှင်၊ ဖက်ရှင်ဒီဇိုင်နာ၊ ဆံပင်ဖန်တီးရှင်နှင့် သရုပ်ဆောင်ဖြစ်သည်။ မကြီးစန်း ဟူ၍လည်း လူသိများသည်။[၁][၂][၃][၄]

ခင်စန်းဝင်း
မွေးဖွား (1965-06-08) ၈ ဇွန်၊ ၁၉၆၅ (အသက် ၅၈)
ရန်ကုန်မြို့၊ မြန်မာနိုင်ငံ
နိုင်ငံလူမျိုးမြန်မာ
မိခင်ကျောင်းရန်ကုန်တက္ကသိုလ်
အလုပ်အကိုင်မိတ်ကပ်ပညာရှင်၊ ဖက်ရှင်ဒီဇိုင်းနာ၊ သရုပ်ဆောင်
တက်ကြွလှုပ်ရှားနှစ်များ၁၉၈၃–လက်ရှိ (မိတ်ကပ်)
၂၀၁၆–လက်ရှိ (သရုပ်ဆောင်)

ငယ်ဘဝနှင့် ပညာရေး ပြင်ဆင်ရန်

၁၉၆၅ ခု၊ ဇွန်လ ၈ ရက်တွင် ရန်ကုန်၌ မွေးသည်။ မွေးချင်းမှာ ယောက်ျားလေး ၃ ယောက်၊ မိန်းကလေး ၁ ယောက်ဖြစ်သည်။ ယောက်ျားအဖြစ် မွေးသော်လည်း မိန်းမဘဝကို ခင်တွယ်သဖြင့် ငယ်စဉ်ကပင် အသိုင်းအဝိုင်း၌ အနှိမ်ခံရသည်။

အခြေခံပညာကို ဒဂုံ (၂) ၌ လည်းကောင်း၊ အဆင့်မြင့်ပညာကို ရန်ကုန်တက္ကသိုလ်၌ လည်းကောင်း သင်ယူခဲ့သည်။[၅]

သက်မွေးဝမ်းကြောင်း ပြင်ဆင်ရန်

မိတ်ကပ်ပညာရှင် ပြင်ဆင်ရန်

၁၉၈၃ ဝန်းကျင်တွင် မိတ်ကပ်ပညာရှင် ကိုတိုးနှင့် စန္ဒီထံ၌ ပညာသင်ခဲ့သည်။ အသက် ၂၁ နှစ်တွင် ကိုယ်ပိုင် အလှပြင်ဆိုင်ကို ၃၄ လမ်းတွင် ဖွင့်နိုင်ခဲ့သည်။ သရုပ်ဆောင်များအား အလှပြင်ပေးရသည်။

ထက်ထက်မိုးဦး၊ ထူးမွန်၊ မျိုးသန္တာထွန်း အစရှိသော သရုပ်ဆောင်များအား ဆံပင်၊ မိတ်ကပ် အပြင်အဆင်များ စီစဉ်ဆောင်ရွက်ပေးရာမှ နာမည်ရလာခဲ့သည်။

အသက် ၂၆ နှစ်တွင် အဝတ်အစား ဆင်သည့် လုပ်ငန်းကို စတင်ခဲ့သည်။[၁] သတို့သမီး ဝတ်စုံနှင့် အလှပြင်ဝန်ဆောင်မှု၊ မိတ်ကပ် သင်တန်းတို့ဖြင့် အလုပ်များသော်လည်း ဗုံမဟုတ်ပတ်မမည် အသိုင်းအဝိုင်း (LGBT Community) တွင် တက်ကြွစွာ လှုပ်ရှားသည်။[၆][၇][၈]

သရုပ်ဆောင် ပြင်ဆင်ရန်

သရုပ်ဆောင်ဘဝကို မကြီးစန်းနှင့် သူ၏ချစ်သူများ ဇာတ်ကားဖြင့် စတင်ခဲ့သည်။ ထိုဇာတ်ကားမှာ ထက်အောင်ရှိုင်း၊ ဇွဲပြည့်တို့ တွဲသရုပ်ဆောင်ပြီး မြတ်ခိုင် ရိုက်ကူးခဲ့ပြီး ၂၀၁၆ ခုတွင် ရုံတင်ပြသခဲ့သည်။[၄]

၂၀၁၈ ခုတွင် တနေ့မှာ မောင့်ကို ဒီအကြောင်းတွေ ပြောပြရဦးမယ် ကို အေးချမ်းမောင်နှင့်တွဲ၍ သရုပ်ဆောင်ခဲ့သည်။ နိုင်မျိုးထွန်း (ရန်ကုန်တက္ကသိုလ်) ရိုက်ပြီး ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက် ရုံတင်ခဲ့သည်။[၉][၁၀] ၂၀၁၉ ခုနှစ်တွင်လည်း "ကျားကျား ကြိုက်ကြိုက်" ရုပ်ရှင်ဇာတ်ကားတွင် မိတ်ကပ်ပညာရှင်များဖြစ်သော (ညီညီမောင်) ( ထက်ထက်)တို့နှင့် ပါဝင်သရုပ်ဆောင်ခဲ့သည်။

ပါဝင်သရုပ်ဆောင်ထားသည်များ ပြင်ဆင်ရန်

ရုပ်ရှင် ပြင်ဆင်ရန်

  • မကြီးစန်းနှင့် သူ၏ချစ်သူများ (၂၀၁၆)
  • တစ်နေ့မှမောင့်ကို ဒီအကြောင်းတွေပြောပြရဦးမယ် (၂၀၁၈) *"ကျားကျားကြိုက်ကြိုက်"(၂၀၁၉)

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ Nandar Aung (22 July 2018)။ From behind the scenes to the big screen။ The Myanmar Times။ 22 September 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  2. Pann Myat Zaw။ "မကြီးစန်းတို့လို အချစ်မျိုးကို လူတွေက အသိအမှတ် မပြုကြဘူး ဆိုတဲ့ မိတ်ကပ် ခင်စန်းဝင်း ဘယ်လို အောင်မြင်လာသလဲ" (in my)၊ Mizzima၊ 2 November 2015။ 
  3. "ဒီဇိုင်နာ ပြည်စိုးအောင်နှင့် မိတ်ကပ်၊ ဆံပင်၊ ဒီဇိုင်နာ ခင်စန်းဝင်း တို့ ပူးပေါင်းပြီး Fashion Show ပွဲ ပြုလုပ်မည်" (in my)၊ Mizzima၊ 30 December 2015။ 
  4. ၄.၀ ၄.၁ "Well-known MakeUp Artist, Khin San Win Star In Movie"၊ Myanmar Celebrity၊ 10 July 2016။ 
  5. Chit Poe။ "မွေးနေ့ရောက်တိုင်း သွေးလှူတာ ဒီနှစ်ဆို ၁၂ ကြိမ်တိုင်ပြီ ဆိုတဲ့ မိတ်ကပ် ခင်စန်းဝင်း" (in my)၊ The Irrawaddy၊ 9 June 2018။ 
  6. "ချစ်သူက မင်းသားတစ်ယောက်ပါလို့ ဝင်ခံလိုက်တဲ့ မိတ်ကပ်ခင်စန်းဝင်း" (in my)၊ Popular News Journal။ Archived from the original on 9 February 2019။ 
  7. Zwe Nyan။ "လကုန်ကြည့်ရတော့မယ့် မကြီးစန်းနှင့် သူ၏ချစ်သူများ" (in my)၊ 7Day News၊ 15 October 2016။ 22 September 2019 တွင် ပြန်စစ်ပြီး။ Archived from the original on 29 August 2018။ 
  8. Wai Wai Hnin။ "မကြီးစန်းနှင့် သူ၏ချစ်သူများက တကယ့်အချစ်ဇာတ်လမ်း မဟုတ်ဘူးလို့ မိတ်ကပ်ခင်စန်းဝင်း ပြော" (in my)၊ Mizzima၊ 29 October 2016။ 
  9. Yu Phyu Han။ "မကြီးစန်းရဲ့ "တစ်နေ့မှ မောင့်ကို ဒီအကြောင်းတွေ ပြောပြရဦးမယ်"" (in my)၊ The Irrawaddy၊ 26 February 2018။ 
  10. "ဒုတိယဇာတ်ကားမှာလည်း ခေါင်းဆောင်မင်းသမီးအဖြစ် သရုပ်ဆောင်မယ့် ခင်စန်းဝင်း" (in my)၊ Sunday Journal၊ 16 August 2017။ [လင့်ခ်သေ]