ခင်စိန်လှိုင် (ယုဝတီ)

(ခင်စိန်လှိုင် မှ ပြန်ညွှန်းထားသည်)
  1. ယုဝတီခင်စိန်လှိုင်၏
  2. ရုပ်ရှင်ဖြစ်သွားသောဝတ္ထုများ

= ကေသွယ်နဲ့ကော့မိုင် = ကေသွယ်ရယ်ကော့မိုင်ရယ် (ညွန့်ဝင်း။ ခင်သန်းနု။ ခေါင်န်ဂျီး)

= မွန်းဂျန် (ပန်ထွဏ်း။ တင်တင်ညို။ သူဇာ)

= နန့်ငြိမ်းသူ (လင်းထင်။ အောင်လွင်။ နွဲ့နွဲ့မူ။ မြင့်မြင့်ခင်)

= လတ်လတ် ( ဝင်းဦး။ ခင်သန်းနု။ အေးအေးသင်း)

= စိန်စီသောတေးတပုဒ် = ကျနော်ပြောချင်သော အချစ်အကြောင်း (ဝင်းဦး။ ခင်သန်းနွယ်)

= တေးလိပ်ပြာဖဲဇာကွပ်ပါလို့ = ကမ္ဘာဆယ်သိန်းချစ်ပါ့မယ် (ကျော်ဟိန်း။ ဇော်လင်း။ ချိုပြုံး)

= မောင့်မမမြကေသီ (ကျော်ဟိန်း။နွဲ့နွဲ့မူ)

= နွေတရစ် မိုးတရစ် တဆောင်းသစ် = အသည်းတခု မြားတစင်း (ညွန့်ဝင်း။ ကိုကိုခိုင်။ ဆွေဇင်ထိုက်)

= အားကစားနဲ့ပင်တိုင်စံ (သန်းထွန်းနွဲ့။ရဲထွန်းနွဲ့။ ထွန်းအေးနွဲ့။ ဒေစီကျော်ဝင်း။ ထားထားနွယ်)

= ပိတောက်လှိုင်လှိုင်ပွင့်သောနေ့ = မြေသင်းနံ့သာ (စိုးနိုင်။ ခင်သန်းနု)

= ချစ်သောဇာဇာ (ညွန့်ဝင်း။ စောမြသန္တာ)

= အိရွှေစင် (ရွှေမန်းတင်မောင်။ ကောလိပ်ဂျင်နေဝင်း။ တွံတေးသိန်းတန်။ ဝင်းဗိုလ်။ ခင်သန်းနု)

= မေတ္တာဆိုသည်မှာ = ကိုယ်တို့ချစ်သောမစံပယ် (ထွန်းဝေ။ ကြည်စိုး။ စမ်းစမ်းအေး)

= ပုလဲတလုံးရွဲတလုံး

(ကောလိပ်ဂျင် နေဝင်း။ ဝင်းဗိုလ်။ ခင်သန်းနု။ တင်တင်ညို)

= ပွိုင့်တူးတူးနဲ့တောသဇင် = ဇင်မဆိုသောမိန်းကလေး (ညွန့်ဝင်း။ ဒေစီကျော်ဝင်း။ ဇာနီဝင့်)

ယုဝတီ ခင်စိန်လှိုင်(ခရစ် ၁၉၂၈- ၂၀ဝ၆) ပြင်ဆင်ရန်

၁၉၂၈ ခုနှစ်၊ဇန်နဝါရီလ (၂၄)ရက်နေ့တွင် အဖ အငြိမ်းစားရဲမင်းကြီး ဦးခင်မောင်လတ်၊ အမိဒေါ်ခင်စောလှတို့မှ မန္တလေးမြို့တွင် ဖွားမြင်ခဲ့သည်။ ရွှေလှံဗိုလ်၏ မြစ်လည်း ဖြစ်သည် ။ အမည်ရင်းမှာဒေါ်ခင်ခင်စိန် ဖြစ်ပြီး မွေးချင်းငါးယောက်တွင် အကြီးဆုံး ဖြစ်သည်။ မန္တလေးမြို့ အေဘီအမ် (ABM) ကျောင်းနှင့် စိန့်ဂျိုးဆက်ကျောင်းတွင် မူလတန်းမှ အထက်တန်းပညာအထိ ဆည်းပူးခဲ့သည်။ ထို့နောက် ရန်ကုန်မြို့ တီတီစီ (ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း) တွင် အထက်တန်းပညာ ဆည်းပူးခဲ့သည်။ ၁၉၅၆ ခုနှစ်လောက်က အမျိုးသမီးကလောင်အဖွဲ့၏ ဒုတိယဥက္ကဋ္ဌတာဝန်ကိုယူခဲ့ပြီး မြန်မာနိုင်ငံ စာပေပြန့်ပွားရေးအသင်း၏ ရာသက်ပန်အမှုဆောင် အဖြစ်လည်း တာဝန်ယူခဲ့သည်။ ၁၉၄၇ ခုနှစ်မှစ၍ ယုဝတီဂျာနယ်တွင် ဝတ္ထုတိုများ စတင်ရေးသားခဲ့ပြီး ၁၉၅၆ ခုနှစ်တွင် 'မိန်းမဈေးဖျက်၍ ချစ်ရသူ' လုံးချင်းဝတ္ထုကို စတင်ထုတ်ခဲ့သည်။ ယုဝတီခင်စိန်လှိုင်သည် အထူးသဖြင့် ပြည်နယ်တို့ကို နောက်ခံပြု၍ တိုင်းရင်းသားဇာတ်ဆောင်များကို အခြေခံလျက် အချစ်ဇာတ်လမ်းဖွဲ့ ရေးလေ့ရှိသော စာရေးဆရာမတစ်ဦး ဖြစ်သည်။ ရေးသားခဲ့သော လုံးချင်း(၁၀ဝ)ခန့်ရှိပြီး ယင်းဝတ္ထုများတွင် လူကြိုက်များသော ဝတ္ထု အများအပြားပါဝင်၍ ရုပ်ရှင်ရိုက်ကူးခြင်းလည်း ခံရသည်။ ထင်ရှားသော ဝတ္ထုများမှာ ' ရတနာဒေဝီ'၊ 'လတ်လတ်'၊'က မ္ဘောဇကိုကို'၊ 'မေတ္တာဒီရေ'၊' အငှားသစ္စာ' နှင့် 'ရွှေလှံဗိုလ်'၊'ဗိုလ်ရွှေမြင်နှင့်သျှင်ရဲထွတ်' (သံမဏိသစ်စာရှင်) တို့ ဖြစ်သည်။ ရွှေလှံဗိုလ်သည် ရွှေလှံဗိုလ်၏အတ္ထုပ္ပတ္တိကို ဝတ္ထုဟန်ရေးဖွဲ့ထားသော စာအုပ်ဖြစ်ပြီး ၁၉၇၅ ခု၊ စက်တင်ဘာလ ၌ ရွှေမင်းဝံစာပေမှထုတ်ဝေခဲ့သည်။

ကိုယ်ရေးဖြစ်စဉ် ပြင်ဆင်ရန်

ယုဝတီ ခင်စိန်လှိုင်သည် အမျိုးသမီး ကလောင် အဖွဲ့တွင် သာမန် အသင်းသူကလေး ဘဝမှ စ၍ ဒုတိယ ဥက္ကဋ္ဌ အထိ ဆောင်ရွက် ခဲ့သည်။ မြန်မာနိုင်ငံ စာပေ ပြန့်ပွားရေး အသင်းတွင် ရာသက်ပန် အမှုဆောင် ဖြစ်ပြီး စာရေး ဆရာ အသင်းဝင် တဦးလည်း ဖြစ်သည်။


ငယ်စဉ်က မန္တလေး အေဘီအမ်နှင့် စိန်ဂျိုးဇက် ကွန်ဗင့် ကျောင်းတွင် ပညာ သင်ကြားခဲ့ပြီး စစ်ကြီး အပြီးတွင် တီတီယူတွင် ဆယ်တန်း ဖြေဆို ခဲ့လေသည်။ မိခင်ကြီး၏ ကျန်းမာရေး အခြေအနေ မကောင်းမှုကြောင့် ကျောင်းဆက် မတက်ဖြစ်ခဲ့ပါ။


ဒေါ်ဒဂုန် ခင်ခင်လေးမှာ ယုဝတီ ခင်လှိုင်၏ အဒေါ် ဖြစ်သည်။ ၁၉၄၇ ခုနှစ် ဒေါ်ဒဂုန် ခင်ခင်လေးက အမျိုးသမီး ကလောင် အဖွဲ့ကို တည်ထောင် ခဲ့သဖြင့် ယုဝတီ ခင်စိန်လှိုင် အဖို့ စာပေ အနုပညာသည် များနှင့် ရင်းနှီး ကျွမ်းဝင်မှု ရှိလာခဲ့သည်။ ထိုအချိန်မှ စ၍ ကဗျာတို၊ ဝတ္ထုတို ကလေးများကို စတင် ရေးသား လာခဲ့သည်။ ရေဒီယို ဇာတ်လမ်းများ အပါအဝင် ဝတ္ထုတိုပေါင်း ၇ဝ ခန့်နှင့် ဂျာနယ် အခန်းဆက် ဝတ္ထုရှည်များ ကိုလည်း ရေးသား ခဲ့သည်။


၁၉၅၆ ခုနှစ်တွင် ကျုံပျော် စာပေတိုက်မှ ‘မိန်းမဈေး ဖျက်၍ ချစ်ရသူ’ ကို ပထမဦးဆုံး လုံးချင်း အဖြစ် ထုတ်ဝေခဲ့သည်။ ဆက်လက်၍ ကေသွယ်နှင့် ကော့မိုင်၊ အားကစားနှင့် ပင်တိုင်စံ အိရွှေစင် လုံးချင်း ဝတ္ထုတို့ ဆက်လက် ထုတ်ဝေခဲ့သည်။


ယုဝတီ ခင်စိန်လှိုင် ရေးသားခဲ့သော ဝတ္ထုများ ထဲမှ ရုပ်ရှင် အဖြစ်သို့ ကူးပြောင်း သွားသော ဝတ္ထုပေါင်း ၁၄ ပုဒ် ရှိသည်။ တိုင်းရင်းသား ချစ်ကြည် စည်းလုံးရေးကို အဓိက ထားပြီး ပြည်နယ်များသို့ ခရီးထွက်ကာ လက်တွေ့ ဗဟုသုတ ရှာမှီး၍ တိုင်းရင်းသား ဝတ္ထု စုစုပေါင်း အပုဒ် ၂ဝ ခန့် ရေးသားခဲ့သည်။ လုံးချင်း ဝတ္ထု စာအုပ်ပေါင်း ၁၅၆ အုပ်ခန့်ကို ရေးသား ပြုစုခဲ့သည်။ မဂ္ဂဇင်း စာအုပ်များ တွင်လည်း ဝတ္ထုတိုပေါင်း ၁၅ဝ ခန့် ရေးသားခဲ့ပြီး သတင်း ဆောင်းပါးပေါင်း ၂ဝဝ ခန့် ရေးသားခဲ့သည်။


ယခု အခါ မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့ ဗဟို အမှုဆောင် ကော်မတီဝင် အဖြစ် စာပေ တာဝန်များ ထမ်းဆောင်ရင်း စာပေ၊ ဆောင်းပါးများ သာမက တေးသီချင်းများ ရံဖန်ရံခါ ရေးသား သီကုံးလျက် ရှိသည်။ ယုဝတီ ခင်စိန်လှိုင်သည် အမှတ် (၄၃) အေ ဂျူးဘန်းလမ်း (၆) မိုင်ခွဲတွင် သင်္ဘော အရာရှိ ဦးခင်မောင်သန်း၊ သမီး ဆုမွန်ကျော်၊ သားသမီး မြေးများနှင့် အတူ နေထိုင်လျက် ရှိသည်။


ဘဝနိဂုံး ပြင်ဆင်ရန်

အောက်တိုဘာ (၂၃)၊၂၀ဝ၆တွင် မရမ်းကုန်းမြို့နယ် (၇)မိုင်၊မလိခလမ်း၊ ၄၃/က နေအိမ် ၌ ကွယ်လွန်သည်။

ယုဝတီ ခင်စိန်လှိုင် ရေးသား ထုတ်ဝေခဲ့သော စာအုပ်များ ပြင်ဆင်ရန်

  1. ကေသွယ်နှင့်ကော့မိုင် - ၁၉၆၈ ခုနှစ်
  2. ကိုကိုတင်တဲ့ မင်းသမီး - ၁၉၈ဝ ပြည့်နှစ်
  3. ကမ္ဘာကြည်မ - ၁၉၇၈ ခုနှစ်
  4. ကမ္ဘောဇ ကိုကို - ၁၉၇ဝ ပြည့်နှစ်
  5. ကိုယ်အချစ်ဆုံးက မင်းတယောက်တည်း - ၁၉၈၆ ခုနှစ်
  6. ကျော့ဖြူ မငိုတော့ပါ - ၁၉၉ဝ ပြည့်နှစ်
  7. ကျိုင်းတုံသူဇာ - ၁၉၇၆ ခုနှစ်
  8. ကျွန်တော့် ကိုယ်စား ချစ်ပေးပါ
  9. ခရုပတ် သမိုင်းကြောင်း၏ အချစ်နိဂုံး - ၁၉၈၁ ခုနှစ်
  10. ခက်ဝေဖြာ - ၁၉၈၂ ခုနှစ်
  11. ခိုက်ခိုက်သဲ - ၁၉၇၉ ခုနှစ်
  12. ခင်ကျော့ကျော့သီ သို့မဟုတ် ချယ်ရီ - ၁၉၇၃ ခုနှစ်
  13. ခင်ခင်ခိုင် - ၁၉၉ဝ ပြည့်နှစ်
  14. ခင်လပြည့်ဝန်း (ပထမပိုင်း) - ၁၉၇ဝ ပြည့်နှစ်
  15. ခင်လပြည့်ဝန်း (ဒုတိယပိုင်း) - ၁၉၇၁ ခုနှစ်
  16. ခင်သီတာထွန်း - ၁၉၆၉ ခုနှစ်
  17. ချစ်ကံခေနှင့် ဂမုန်းမြိုင် - ၁၉ရဝ ပြည့်နှစ်
  18. ချစ်ချစ်နှင်းဆီဝေ - ၁၉၈၄ ခုနှစ်
  19. ချစ်တရားခံ - ၁၉၇၂ ခုနှစ်
  20. ချစ်ဘဏ္ဍာ - ၁၉၉၁ ခုနှစ်
  21. ချစ်မေတ္တာ ခိုင်ခိုင်မြဲပေမယ့် - ၁၉၉၃ ခုနှစ်
  22. ချစ်ရက်တရက် လွမ်းရက်တရာ - ၁၉၈၂ ခုနှစ်
  23. ချစ်လွန်းတင် - ၁၉၈ဝ ပြည့်နှစ်
  24. ချစ်သည်းကလေးများ စကားပြောတတ်လျှင် - ၁၉၈၁ ခုနှစ်
  25. ချစ်သော စကားဝါမြေ - ၁၉၈၁ ခုနှစ်
  26. ချစ်သော ဇာဇာ - ၁၉၇၅ ခုနှစ်
  27. ချစ်သက်သေတည် ငွေတောင်ပြည် - ၁၉၇၃ ခုနှစ်
  28. ချစ်ဥယျာဉ်ဝယ် ရောင်စုံဖူးပွင့်တယ် - ၁၉၈၁ ခုနှစ်
  29. ငရဲပန်း ဧကရီ - ၁၉၈၃ ခုနှစ်
  30. ငြိမ့်ငြိမ့်ရွှေရင်ခုန် - ၁၉၇၈ ခုနှစ်
  31. စတီရီယို ရူးမလေး - ၁၉၈၃ ခုနှစ်
  32. စစ်ရယ် ပြီးတော့ ယဉ်ကျော့ရယ် - ၁၉၇၈ ခုနှစ်
  33. စိန်စီတဲ့ တေးတပုဒ် - ၁၉၇၆ ခုနှစ်
  34. စိန်ပင့်ကူ - ၁၉၇၃ ခုနှစ်
  35. စိန်ပွဲစား မလေးခင် - ၁၉၈ဝ ပြည့်နှစ်
  36. စုံစမ်း မေးမြန်းနိုင်သည် - ၁၉၉၁ ခုနှစ်
  37. စိန်ကူးယဉ်သက်သက် - ၁၉၇ဝ ပြည့်နှစ်
  38. စွန့် - ၁၉၉၂ ခုနှစ်
  39. ဆု - ၁၉၈၈ ခုနှစ်
  40. ဆောင်းရယ် သဇင်ရယ် အလှရယ် - ၁၉၇၅ ခုနှစ်
  41. ဇင်္ဂလိန်း ခန္တီးသူ - ၁၉၉၄ ခုနှစ်
  42. တကယ် မွှေးမွှေးပေးတော့မယ် - ၁၉၉၆ ခုနှစ်
  43. တကယ် သွားတော့မှာလား အချစ်ရယ် - ၁၉၈၉ ခုနှစ်
  44. တတိုင်မွေး - ၁၉၆၅ ခုနှစ်
  45. တေးလိပ်ပြာ ဖဲဇာကွပ်ပါလို့ - ၁၉၇၃ ခုနှစ်
  46. တက္ကသီလာမှ ချစ်စရာသို့ - ၁၉၈၅ ခုနှစ်
  47. တပ်ကြပ်ကြီး ကိုကိုနိုင် - ၁၉၈ဝ ပြည့်နှစ်
  48. တပ်ထွက်ဗရှိန်း - ၁၉၇၃ ခုနှစ်
  49. တိမ်ဦးလေပြေ - ၁၉၆၉ ခုနှစ်
  50. တွဲနံပါတ် (၁)၊ ခုံနံပါတ် (၂ဝ) - ၁၉၇၇ ခုနှစ်
  51. ထားထားအိ - ၁၉၇၁ ခုနှစ်
  52. ထားဝယ်မလေး မောင့်သဲအူ - ၁၉၇၉ ခုနှစ်
  53. ထိပ်ထား ဟံသာဝတီ - ၁၉၇၇ ခုနှစ်
  54. ဒွေး - ၁၉၇၃ ခုနှစ်
  55. နာရီသက် အလို - ၁၉၉၂ ခုနှစ်
  56. နော်လုလု - ၁၉၆၇ ခုနှစ်
  57. နန့်ငြိမ်းသူ - ၁၉၇၄ ခုနှစ်
  58. နှစ်ခါကွဲတဲ့ အသည်း မနာဘဲ ရှိပါ့မလား - ၁၉၇၇ ခုနှစ်
  59. နွေတရစ် မိုးတရစ် တဆောင်းသစ် - ၁၉၇၃ ခုနှစ်
  60. ပါးမို့မို့ဖြူ - ၁၉၇၂ ခုနှစ်
  61. ပိတောက်လှိုင်လှိုင် ပွင့်သောနေ့ - ၁၉၆၉ ခုနှစ်
  62. ပုလဲတကန့် ရွဲတကန့် - ၁၉၈၁ ခုနှစ်
  63. ပုလဲတကုံး ရွဲတကုံး - ၁၉၈၂ ခုနှစ်
  64. ပင်လယ်ပြာပြာ မိုးပြာပြာ - ၁၉၇၅ ခုနှစ်
  65. ပစ်ရက်သူနဲ့ မချစ်ရက်သူရယ် - ၁၉၉ဝ ပြည့်နှစ်
  66. ပန်းပန်တာ အပြစ်လား - ၁၉၉ဝ ပြည့်နှစ်
  67. ပန်းပွင့်လို နှလုံးသား - ၁၉၈၈ ခုနှစ်
  68. ပြောမှာဆိုမှား ခွင့်လွှတ်ပါ (ပထမပိုင်း) - ၁၉၈၁ ခုနှစ်
  69. ပြန်ခဲ့ပါ မနောဟရီ - ၁၉၇၉ ခုနှစ်
  70. ပွဲ - ၁၉၈၈ ခုနှစ်
  71. ပွိုင့်တူးတူးနှင့် တောသဇင် - ၁၉၇၁ ခုနှစ်
  72. ဖွဲ့ဆိုသစ္စာ မရှိခဲ့ပါလျှင် - ၁၉၈၂ ခုနှစ်
  73. ဗိုလ်ရွှေဗြင် - ၁၉၉၁ ခုနှစ်
  74. မချစ်ရ မကြိုက်ရ မကြည့်ရ - ၁၉၈၂ ခုနှစ်
  75. မဖြေရှင်းနဲ့တော့ နုဖြူ - ၁၉၈၃ ခုနှစ်
  76. မမ - ၁၉၉၁ ခုနှစ်
  77. မမ ပါဘလစ်ရှာနှင့် ကိုကို စာရေးဆရာ - ၁၉၇၁ ခုနှစ်
  78. မမေ့တော့ပြီ မြို့ကော့သောင် - ၁၉၉၅ ခုနှစ်
  79. မာနသစ္စာ အချစ် - ၁၉၈၇ ခုနှစ်
  80. မေဘရဏီ - ၁၉၆၅ ခုနှစ်
  81. မောအလှ ဧကရီ - ၁၉၆၇ ခုနှစ်
  82. မောင့်မမ မြကေသီ - ၁၉၇၂ ခုနှစ်
  83. မေတ္တာ ဆိုသည်မှာ - ၁၉၇ဝ ပြည့်နှစ်
  84. မေတ္တာ ဒီရေ - ၁၉၇၁ ခုနှစ်
  85. မိန်းမဈေးဖျက်၍ ချစ်ရသူ - ၁၉၆၅ ခုနှစ်
  86. မုန်းပင်မြင့်မှ ချစ်သဲနှစ်ပွင့် - ၁၉၈၂ ခုနှစ်
  87. မျက်ခြယ်ရွှေသွေး - ၁၉၉၅ ခုနှစ်
  88. မျက်လုံးလေးကို ချစ်နေတာလား၊ နှုတ်ခမ်းလေးကို ချစ်နေတာလား - ၁၉၉၅ ခုနှစ်
  89. မြကျွန်းသာမှ ဆုံမယ်အသက် - ၁၉၈ဝ ပြည့်နှစ်
  90. မြခွာညိုနွယ်စဉ် - ၁၉၈၂ ခုနှစ်
  91. မြမျက်တောင် ကော့ကော့ရွှန်းရွှန်း - ၁၉၈၁ ခုနှစ်
  92. မြားနတ်ရှင်ကလေး သူကျီစယ် - ၁၉၈ဝ ပြည့်နှစ်
  93. မွန်သူဇာ - ၁၉၇၁ ခုနှစ်
  94. မွန်းဂျန် - ၁၉၇၃ ခုနှစ်
  95. မွန်းသော်တာ - ၁၉၈၆ ခုနှစ်
  96. မှန် - ၁၉၇၄ ခုနှစ်
  97. ယမင်း ရွှေသဇင် - ၁၉၇၃ ခုနှစ်
  98. ယောမြို့က ပြန်ခဲ့တယ် - ၁၉၇၆ ခုနှစ်
  99. ရတနာဒေဝီ - ၁၉၇၁ ခုနှစ်
  100. ရေလိုအေးမြစေသား - ၁၉၈၂ ခုနှစ်
  101. ရုက္ခရွှေပြည် - ၁၉၇ဝ ပြည့်နှစ်
  102. ရုက္ခသူဇာ - ၁၉၈၆ ခုနှစ်
  103. ရင်မှာ ငြိမ်းချမ်းရစေသား - ၁၉၈၅ ခုနှစ်
  104. ရန်ကင်းသူ - ၁၉၇၃ ခုနှစ်
  105. ရှင်ရဲထွတ် သံမဏိ သစ္စာရှင် - ၁၉၈၅ ခုနှစ်
  106. ရွှေညာပြန် - ၁၉၆၇ ခုနှစ်
  107. ရွှေနားကွပ်တဲ့ တိမ်ဂွမ်းဆိုင် - ၁၉၇၆ ခုနှစ်
  108. ရွှေမင်းသား - ၁၉၇၇ ခုနှစ်
  109. ရွှေရယ် ငွေရယ် မိန်းကလေးရယ် - ၁၉၇၃ ခုနှစ်
  110. ရွှေလှံဗိုလ် - ၁၉၇၅ ခုနှစ်
  111. လေကြောင်းချစ်သူ
  112. လေးထောင့်သဏ္ဌာန် အချစ် - ၁၉၈ဝ ပြည့်နှစ်
  113. လက်တွဲရအောင် နောင်ဗိန်နောင် - ၁၉၇၉ ခုနှစ်
  114. လတ်လတ် (ပထမပိုင်း) - ၁၉၆၉ ခုနှစ်
  115. လတ်လတ် (ဒုတိယပိုင်း) - ၁၉၇၁ ခုနှစ်
  116. လှနုဖြူ - ၁၉၇ဝ ပြည့်နှစ်
  117. လှမျက်ခြယ် - ၁၉၇ဝ ပြည့်နှစ်
  118. ဝင်းစန္ဒာကြည် - ၁၉၇၈ ခုနှစ်
  119. သဇင်ပြုံးတုံ့ မပြုံးတုံ့ - ၁၉၉၅ ခုနှစ်
  120. သံလွင်တဖက်က နန့်ညီအစ်မ - ၁၉၈၉ ခုနှစ်
  121. သက်ဆုံးတိုင်တိုင် ချစ်ချင်သည် - ၁၉၇ဝ ပြည့်နှစ်
  122. သက်လျာ ရွှေစင် - ၁၉၇၄ ခုနှစ်
  123. သင်းသင်းသာ မွှေးတော့သည် - ၁၉၆၉ ခုနှစ်
  124. သစ္စာတော် စူးပြီထင့် - ၁၉၇၄ ခုနှစ်
  125. ဟင် ဘာတဲ့ - ၁၉၉၂ ခုနှစ်
  126. ဟန်စုယဉ် - ၁၉၇၄ ခုနှစ်
  127. အကျည်းတန် ရန်ငြိုး - ၁၉၇၁ ခုနှစ်
  128. အချော့ကြိုက်မလေး - ၁၉၈၉ ခုနှစ်
  129. အချစ်ကျွန်းက ငှက်လွန်းကြင် - ၁၉၈၅ ခုနှစ်
  130. အချစ်မုဆိုးသို့ ညဉ့်သုံးယံခါ - ၁၉၇၉ ခုနှစ်
  131. အချစ်ဟူသည် - ၁၉၉ဝ ပြည့်နှစ်
  132. အငှားသစ္စာ - ၁၉၇၄ ခုနှစ်
  133. အတွေ့ပေးသော ကြေးမုံပြင် - ၁၉၆၈ ခုနှစ်
  134. အနုပညာနှင့် ရတနာ စာစဉ် - ၁၉၈၂ ခုနှစ်
  135. အမှတ်တမဲ့မှ အမှတ်တရသို့ - ၁၉၆၉ ခုနှစ်
  136. အရွယ်မတိုင်မီ - ၁၉၆၉ ခုနှစ်
  137. အဝေးရောက်ကိုကို - ၁၉၈၅ ခုနှစ်
  138. အဝရေလျှမ်းပါတဲ့ ခင်တို့ရွှေမန်း - ၁၉၈၄ ခုနှစ်
  139. အသည်းသက်သေ ထူချင်သူ - ၁၉၆၅ ခုနှစ်
  140. အားကစားနှင့် ပင်တိုင်စံ - ၁၉၆၇ ခုနှစ်
  141. အင်္ဂါဂြိုဟ်ပေါ်က နှင်းဘုရင် - ၁၉ရဝ ပြည့်နှစ်
  142. အိုမီဂါနှင့် စောင်းအိုရှင် - ၁၉၇၂ ခုနှစ်
  143. အိပ်မက်ရာဇာ - ၁၉၇၂ ခုနှစ်

[၁]

ကိုးကား ပြင်ဆင်ရန်

  1. ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာန (ရုံးချုပ်) စာတည်း အဖွဲ့က စုဆောင်း ပြုစုတဲ့ ‘နှစ်ဆယ် ရာစု မြန်မာ စာရေး ဆရာ များနှင့် စာစု စာရင်း’ စာအုပ်(ပညာရွှေတောင် စာအုပ်တိုက်)၂ဝဝ၃ ခုနှစ်၊ ဧပြီလ(ပထမ အကြိမ်)
  • မလိခ၊မြန်မာဝတ္ထုအညွှန်း အမှတ် (၆)၊ရန်ကုန်၊ အားမာန်သစ်စာပေ၊ ပကြိမ်၊၁၉၉၀၊စာ-၉၄၊၉၅