ခင်နှင်းရီ သည် မြန်မာနိုင်ငံသား ရုပ်ရှင်မင်းသမီးနှင့် အဆိုတော် ဖြစ်သည်။

ငယ်ဘဝ ပြင်ဆင်ရန်

အင်းစိန်နယ် (ယခု မှော်ဘီမြို့နယ်ဝင်) မြောင်းတကာ၌ မွေးသည်။ [၁]

အနုပညာခရီး ပြင်ဆင်ရန်

အေဝမ်းဖလင်း၏ လူရွေးပွဲတွင် ဝင်ပြိုင်ကာ ဒါရိုက်တာ မောင်မောင်စိုးရိုက်ကူးသည့် ချစ်မဟာ အသံတိတ်ဇာတ်ကားတွင် ပွဲဦးထွက် ပါဝင်ရသည်။ နောက် ဒါရိုက်တာ တင်မောင်က ကိုယ်တိုင်ရိုက် ကိုယ်တိုင်သရုပ်ဆောင်သည့် ချစ်စနိုး ဇာတ်ကားတွင် သရုပ်ဆောင်သည်။ ယင်းဇာတ်ကားမှာ အသံထွက်ဇာတ်ကားဖြစ်လေရာ ခင်နှင်းရီ အသံကောင်းကြောင်း ပရိသတ်တို့ အလွန်ချီးကျူးကြ၏။

၁၉၃၉ ခုတွင် မြမျိုးလွင်၏ ဝတ္ထုကို ဒါရိုက်တာ ဦးတင်နွယ်ရိုက်သည့် တလိမ်နှစ်လိမ် ဇာတ်ကားမှာ အထူးနာမည်ကျော်သည်။ ထိုဇာတ်ကားပါ ဇာတ်ဝင်တေးမှာလည်း အင်မတန့်အင်မတန် လူကြိုက်များ၏။ နှောင်းခေတ်အဆိုတော်တို့ မကြာမကြာ ပြန်ဆိုကြသည်။

ဓာတ်ပြားထုတ် သီချင်းများ ပြင်ဆင်ရန်

  • သဘင်ဝန်
  • ပျို့ကျေးရွာ (၁၉၃၈)
  • ပျိုအိပ်ချိန်
  • လေညှင်းခံ
  • တလိမ်နှစ်လိမ် (၁၉၃၉) (ဇာတ်ဝင်တေးကို ဓာတ်ပြားထုတ်သည်)

ကိုးကား ပြင်ဆင်ရန်

  1. "အေဝမ်းဖလင်း ခင်နှင်းရီ". ဂျာနယ်ကျော်. အတွဲ ၁၊ အမှတ် ၄. ၁၉၃၉ ဇွန် ၁၇.