ဦးခင်မောင်စိုးသည် မြန်မာ့နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး လက်ရှိတွင် ဝမ်းတွင်းမြို့နယ်ကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် ပြည်သူ့လွှတ်တော် စီးပွားရေးနှင့် ဘဏ္ဍာရေးတိုးတက်ဖွံ့ဖြိုးရေးကော်မတီအတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ သူသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တစ်ဦးလည်းဖြစ်သည်။ [၁]

ဦးခင်မောင်စိုး
ပြည်သူ့လွှတ်တော်အမတ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၈ ဖေဖော်ဝါရီ ၂၀၁၆
မဲဆန္ဒနယ်ဝမ်းတွင်းမြို့နယ် မဲဆန္ဒနယ်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1955-10-30) ၃၀ အောက်တိုဘာ၊ ၁၉၅၅ (အသက် ၆၈)
တမာကုန်းရွာဝမ်းတွင်းမြို့နယ်
လူမျိုးမြန်မာ
နိုင်ငံရေးပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
မိဘဦးထွန်းရှိန်
ဒေါ်ညွန့်မေ
ပညာရေးတတိယနှစ်(သင်္ချာ)
မိခင်ကျောင်းမန္တလေးတက္ကသိုလ်
ကိုးကွယ်သည့်ဘာသာထေရဝါဒဗုဒ္ဓဘာသာ

အစောပိုင်းဘဝ ပြင်ဆင်ရန်

ဦးခင်မောင်စိုးကို ၁၉၅၅၊ အောက်တိုဘာလ ၃၀ ရက် မန္တလေးတိုင်းဒေသကြီးဝမ်းတွင်းမြို့နယ်တမာကုန်းရွာတွင် မွေးဖွားခဲ့သည်။

ပညာရေး ပြင်ဆင်ရန်

အခြေခံပညာကို ဝမ်းတွင်းမြို့နယ် တမာကုန်းရွာ အလယ်တန်းကျောင်း၊ သဲတော-ဝမ်းတွင်း အထက်တန်းကျောင်းတို့တွင် သင်ကြားခဲ့သည်။ ၁၉၇၃ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ မကွေးကောလိပ်တောင်ကြီးကောလိပ်တို့၌ ပထမနှစ်နှင့် ဒုတိယနှစ်တို့ကို တတ်ရောက်ခဲ့သည်။ မန္တလေးတက္ကသိုလ်တွင် သင်္ချာဘာသာဖြင့် တတိယနှစ်အထိ ပညာသင်ကြားခဲ့သည်။

နိုင်ငံရေး ပြင်ဆင်ရန်

ဦးခင်မောင်စိုးသည် ၂၀၁၂ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ဝင်ရောက်ခဲ့ပြီး ဝမ်းတွင်းမြို့နယ်အလုပ်အမှုဆောင်အတွင်းရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်နေသည်။ ၁၉၇၆ ခုနှစ် မှိုင်းရာပြည့်အရေးအခင်းတွင် ပါဝင်လှုပ်ရှားဆောင်ရွက်မှုကြောင့် ထောင် ၁နှစ် ကျခံဖူးခဲ့သည်။

ကိုးကား ပြင်ဆင်ရန်