ခင်မောင်ဝင်း (အသည်းရောဂါအထူးကု)

မြန်မာ သမားတော်၊ စာရေးဆရာ နှင့် စီးပွားရေး သမား
(ခင်မောင်ဝင်း၊ ဒေါက်တာ (အသည်း) မှ ပြန်ညွှန်းထားသည်)

ဒေါက်တာ ခင်မောင်ဝင်း (၁၉၄၉- ) သည် မြန်မာနိုင်ငံသား ဆရာဝန် တစ်ဦး ဖြစ်ပြီး ရန်ကုန် ပြည်သူ့ ဆေးရုံကြီး အသည်းရောဂါကု ပညာဌာနတွင် ပါမောက္ခ ဌာနမှူး တစ်ဦး အဖြစ် ၂၀၀၈ ခုနှစ် အထိ တာဝန် ထမ်းဆောင်ခဲ့သည့်အပြင်၊ ကျန်းမာရေး၊ ပညာရေး နယ်ပယ်နှင့် ပတ်သက်၍ အသိပညာပေး စာများ ရေးသားသည့် အသည်း အထူးကု ပါမောက္ ဆရာကြီးဖြစ်သည်။

ပါမောက္ခ ဒေါက်တာ

ခင်မောင်ဝင်း

FRCP
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၄၉၊ ဇန်နဝါရီ ၁၁
မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့
ကြင်ဖော်(များ)ဒေါက်တာ ဒေါ်ခင်လေးရီ
မိဘဦးဘဂျမ်းနှင့် ဒေါ်ခင်ခင်
ပညာရေးMBBS, M.Med.Sc. (Int. Med.), MRCP (UK), FRCP (Edin)
မိခင်ကျောင်းဆေးတက္ကသိုလ် (မန္တလေး)
ကျော်ကြားမှုအသည်း အထူးကုပါမောက္
အသည်း အထူးကု ဆရာဝန် ပါမောက္ခ ဒေါက်တာ ခင်မောင်ဝင်း။

ငယ်ဘဝ ပြင်ဆင်ရန်

  • မွေးသက္ကရာဇ် - ၁၉၄၉၊ ဇန်နဝါရီ ၁၁
  • မွေးဖွားရာဇာတိ - မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့
  • မွေးချင်း - ၇ ဦး ရှိ။
  • အိမ်ထောင်ဖက် အမည် - ဒေါက်တာ ဒေါ်ခင်လေးရီ၊ ၁၉၇၅ ခုနှစ်တွင် လက်ထပ်ခဲ့။

ဆရာဝန်ဘဝ ပြင်ဆင်ရန်

ပညာအရည်အချင်း ပြင်ဆင်ရန်

- ၁၉၇၂ ခုနှစ်တွင် မန္တလေး ဆေးတက္ကသိုလ်မှ M.B.B.S. ဘွဲ့ကို ရရှိခဲ့။

- ၁၉၇၈ ခုနှစ်တွင် မန္တလေး ဆေးတက္ကသိုလ်မှ M.Med.Sc. (Int. Med.) ဘွဲ့ ရရှိခဲ့။

- ၁၉၈၅ ခုနှစ်တွင် M.R.C.P. (U.K.) ဘွဲ့ကို ရရှိခဲ့။

- F.R.C.P. (Edin) ဘွဲ့လည်း ရရှိခဲ့။

တာဝန် ထမ်းဆောင်မှု ပြင်ဆင်ရန်

- ၁၉၇၂ - ၇၃ တပ်မတော် ဆေးရုံတွင် အလုပ်သင်ဆရာဝန်။

- ၁၉၇၄ - ၁၉၈၂ မန္တလေး ပြည်သူ့ဆေးရုံတွင် သရုပ်ပြ ဆရာဝန်။ လန်ဒန်မြို့ Royal Free ဆေးရုံတွင် တာဝန် ထမ်းဆောင်ခဲ့။

- ၁၉၈၅ ခုနှစ်မှ ၁၉၉၇ ခုနှစ် အထိ ရန်ကုန် ပြည်သူ့ ဆေးရုံကြီးတွင် အသည်း အထူးကု ဆရာဝန်နှင့် ဆေးသုတေသန ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး။

- ၁၉၉၇ ခုနှစ်တွင် ပထမဦးဆုံး အကြိမ် အသည်းရောင် အသားဝါရောဂါ (ဘီ) ကာကွယ်ဆေးကို ထုတ်လုပ် ပေးနိုင်ခဲ့။

- ရန်ကုန် ပြည်သူ့ ဆေးရုံကြီး အသည်းရောဂါကု ပညာဌာနတွင် ပါမောက္ခ ဌာနမှူး အဖြစ် ၂၀၀၈ ခုနှစ် အထိ တာဝန် ထမ်းဆောင်ခဲ့။

- မြန်မာနိုင်ငံ ဆရာဝန်အသင်း အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါ အဖွဲ့ကို စတင် ထူထောင်ခဲ့ပြီး၊ ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်။

- အပြည်ပြည်ဆိုင်ရာ အသည်းရောဂါ အဖွဲ့နှင့် အမေရိကန် အသည်းရောဂါ အဖွဲ့၏ အဖွဲ့ဝင် တဦးဖြစ်။


စာပေနယ်ပယ် ပြင်ဆင်ရန်

- လစဉ်ထုတ် မဂ္ဂဇင်းများနှင့် အပတ်စဉ်ထုတ် ဂျာနယ်များတွင် ပါမောက္ခ ခင်မောင်ဝင်း (အသည်း) ကလောင် အမည်ဖြင့် ဆောင်းပါးများ ရေးသားလျက်ရှိ။

- လုံးချင်း စာအုပ် ၇ အုပ် ရေးသား ထုတ်ဝေခဲ့။

စီးပွားရေး ပြင်ဆင်ရန်

- ၁၉၉၄ ခုနှစ်မှာ မြန်မာနိုင်ငံတွင် ပထမဦးဆုံး ကမ္ဘာ့ အဆင်မီ ဓာတ်ခွဲခန်း တည်ထောင် ဖွင့်လှစ်ခဲ့။

- ဒေါက်တာခင်မောင်ဝင်းသည် မြန်မာနိုင်ငံတွင် ပထမဆုံးဖြစ်သည့် အလိုအလျောက် သွေးစစ်ဆေး တိုင်းတာနိုင်သည့် အမေရိကန် ဒေါ်လာ ၂ သန်းတန် ဓာတ်ခွဲခန်း စက်တခုကို မတ်လ အတွင်းက ဂျာမဏီနိုင်ငံမှ ဝယ်ယူ တင်သွင်းခဲ့။ ၂၀၀၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံမှာ ပထမဆုံး မော်လီကူလာ ရောဂါရှာဖွေရေး ဓာတ်ခွဲခန်း ဖွင့်ခဲ့။

- နာမည်ကြီး အသည်းရောဂါ အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ ခင်မောင်ဝင်းသည် ကိုယ်ပိုင်စင်းလုံးငှား လေယာဉ်လိုင်း တခု တည်ထောင်ရန် ကြိုးစားလျက် ရှိကြောင်း ၂၀၀၉ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့ မဂ္ဂဇင်း သတင်းတပုဒ်တွင် ဖော်ပြပါရှိ။ ယူကရိန်းနိုင်ငံမှ လေယာဉ် မှာယူရန် စီစဉ်နေပြီး လုပ်ငန်းစဉ်ဖြစ်သော မြန်မာ့လေကြောင်း၊ ဟိုတယ်နှင့် ခရီး သွားလာရေးတို့နှင့် ဆွေးနွေးမှုများ ပြုလုပ်နေသည်ဟု သိရ။ ပြည်တွင်းထုတ် ရန်ကုန်တိုင်းမ် ဂျာနယ်တွင် ဖော်ပြထားချက် အရ လေယာဉ်သည် ခရီးသည် ၁၈ ဦး လိုက်ပါ စီးနင်းနိုင်ပြီး အပျော်စီး ပြည်တွင်း ခရီးစဉ်များ၊ ကျန်းမာရေး အတွက် အရေးပေါ် လိုအပ်နေသူများနှင့် နိုင်ငံခြား အဖွဲ့အစည်းများကိုလည်း ငှားရမ်းရန် ရည်ရွယ်ထားသည်ဟု ဆို။

စင်းလုံးငှား လေယာဉ်သေး ပြေးဆွဲမှုတွင်တော့ လမ်း ၃၀ အထူးကု ဆေးခန်းပိုင်ရှင် ဒေါက်တာခင်မောင်ဝင်းမှာ ပထမဆုံး လုပ်ငန်းရှင် ဖြစ်လာမည် ဖြစ်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. Living Color ကြော်ငြာနှင့် ဈေးဝယ်လမ်းညွှန် စီးပွားရေးသတင်း မဂ္ဂဇင်း၊ No. 165, April 2009 နဲ့ ၂၀၀၈ ဇူလိုင်လတွင် Club 18 Creative House မှ ပထမအကြိမ် ပုံနှိပ် ထုတ်ဝေခဲ့တဲ့ 'သူတို့ ဒီနေရာကို ဘယ်လို ရောက်လာကြသလဲ၊ လှေကားထစ်များ ရာဇဝင်' စာအုပ်တို့မှ