ဦးခင်မောင်ကို ၁၉၀၆ ခုနှစ်တွင် မော်လမြိုင်မြို့ ၌ ဖွားမြင်ခဲ့သည်။ မိဘများမှာ အဖ ဦးဘရှင် ၊အမိ ဒေါ်စိန် တို့ဖြစ်သည်။ ဦးခင်မောင်၏ညီမှာ ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမောင်ခ ဖြစ်သည်။

မော်လမြိုင်မြို့ အစိုးရအထက်တန်းကျောင်းမှ ဆယ်တန်းစာမေးပွဲအောင်သည်။ ၁၉၂၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ပါဠိဘာသာ ဝိဇ္ဇာဂုဏ်ထူး စာမေးပွဲကို အောင်မြင်သည်။ ၁၉၃၀ ပြည့်နှစ် တွင် ရန်ကုန် မြို့မတိုင်းရင်းသားကျောင်းတွင် ကျောင်းဆရာအဖြစ် ဆောင်ရွက်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်မှ ဥပဒေဝိဇ္ဇာဘွဲ့ကို ရရှိပြီးနောက် ကျောက်တန်းမြို့တွင် ရှေ့နေအဖြစ် ဆောင်ရွက်သည်။ ထို့နောက် ဟံသာဝတီခရိုင် အစိုးရရှေ့နေအဖြစ် အမှုထမ်းဆောင်သည်။ စစ်ပြီးခေတ်တွင် မြန်မာနိုင်ငံ ရှေ့နေချုပ်ရုံး ၌ အစိုးရရှေ့နေအဖြစ် အမှုထမ်းသည်။ ဦးခင်မောင်သည် မြန်မာနိုင်ငံ သုတေသနအသင်းအတွက် ' ရဲဘော်မော်ကွန်း ' ကို တည်းဖြတ်ပေးခဲ့သည်။

ဦးခင်မောင်သည် ၁၉၅၂ ခုနှစ် ၊မေလ (၁၈)ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။

ကျမ်းကိုးစာရင်း ပြင်ဆင်ရန်

၁။မြန်မာနိုင်ငံ သုတေသနအသင်း အနှစ်(၆၀)ပြည့် အထိမ်းအမှတ် စာစောင် ၊ ၁၉၇၀၊ ဧပြီလ ၊ စာ-၄၉ ။