ခင်ယုဆွေ
ခင်ယုဆွေ (၁၉၄၀-) သည် မြန်မာအမျိုးသမီး အဆိုတော် တစ်ဦးဖြစ်သည်။
ငယ်ဘဝ ပြင်ဆင်ရန်
၁၉၄၀ ခု ဇန်နဝါရီလ ၉ ရက်တွင် ဦးယုစွမ် ဒေါ်ကျင်မြို့တို့မှ ရန်ကုန်၌ မွေးသည်။ အမည်ရင်းမှာ ခင်ခင်အုန်း ဖြစ်သည်။ [၁] မွေးချင်းအစ်မမှာ သရုပ်ဆောင် ခင်ယုမေ ဖြစ်သည်။
အနုပညာခရီး ပြင်ဆင်ရန်
၁၉၅၅-ခုတွင် မြို့မသီ ရေးသော မြဝတ်ရည် သီချင်းကို တေးဗိမာန် တူရိယာအဖွဲ့နှင့် အသံလွှင့်ကာ ဂီတနယ်သို့ ခြေချသည်။ ၁၉၅၉-ခုတွင် ရွှေဂီတမောင်မယ် (နောက် မေတ္တာမွန် ဟု အမည်ပြောင်း) အဖွဲ့သို့ ပြောင်းသည်။ နောက် လေလှိုင်းသံ အဖွဲ့နှင့် လက်တွဲပြန်သည်။
ထင်ရှားသောတေးများ ပြင်ဆင်ရန်
အမည် | တေးရေး | အသံလွှင့်နှစ် | မှတ်ချက် |
---|---|---|---|
မြဝတ်ရည် | မြို့မသီ | ၁၉၅၅ | |
ချစ်ခရီးဧရာ | တင်ဦးလေးနှင့် | ||
ပုဂံဘုရားဖူး | ကိုအေးသန်းနှင့် | ||
မောင်မယုံရင် မပြောချင်ဘူး |
ကိုးကား ပြင်ဆင်ရန်
- ↑ ဝန်ဇင်း (၁၉၇၅) "ဂီတအဘိဓာန်"