ဒေါ်ခင်သက်တင် (၅ နိုဝင်ဘာ ၁၈၉၈–၂၅ အောက်တိုဘာ ၁၉၆၈) သည် မြန်မာအမျိုးသမီး လူမှုဝန်ထမ်းအဖွဲ့အစည်းများတွင် ပါဝင်ခဲ့သူ ဝဏ္ဏကျော်ထင်ဘွဲ့ရ တစ်ဦး ဖြစ်သည်။ ဒေါ်ခင်သက်တင်ကို ၅ နိုဝင်ဘာ ၁၈၉၈ တွင် မန္တလေးတိုင်းကျောက်ဆည်ခရိုင်မြစ်သားမြို့နယ်၊ ဒရယ်ခေါင်းကျေးရွာ၌ လက်ဖတင်နင် ကာနယ် ဂျေအိပ်(ချ်)ဆီးဝဲလ်နှင့် ဒေါ်ဒေါ်စောတို့က ဖွားမြင်သည်။ ငယ်စဉ်က မန္တလေး၊ ဝက်စလီယန်ကျောင်း၊ ရန်ကုန် စိန်မေရီ ဒိုင်အိုကွန်ဗင့်ကျောင်း (ယခုအမှတ် ၁ အထက၊ ပန်းဘဲတန်း)တို့တွင် ပညာ ဆည်းပူးသည်။ ဗိသုကာ စည်သူ ဦးတင်နှင့် လက်ထပ်ကာ သား ၇ ဦး၊ သမီး ၅ ဦး ထွန်းကားသည်။ ဆရာဗိသုကာ ခင်မောင်ရင်၏ အဒေါ်အရင်း တော်စပ်သည်။ အသက် ၇၀ အရွယ် ၂၅ အောက်တိုဘာ ၁၉၆၈၊ ည ၁၁ နာရီ ၃၅ မိနစ်တွင် ကွယ်လွန်သည်။

ဒေါ်ခင်သက်တင်
မွေးဖွား(၅-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၉"။-၁၈၉၈)စက်တင်ဘာ ၅၊ ၁၈၉၈
ဒရယ်ခေါင်းကျေးရွာ၊ မြစ်သားမြို့နယ်ကျောက်ဆည်ခရိုင်ဗြိတိသျှဘားမား
ကွယ်လွန်အောက်တိုဘာ ၂၅၊ ၁၉၆၈(၁၉၆၈-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၁"။-၂၅) (အသက် ၇၀)
နိုင်ငံလူမျိုးမြန်မာ
မိခင်ကျောင်းဝက်စလီယန်ကျောင်း (မန္တလေး)
စိန်မေရီ ဒိုင်အိုကွန်ဗင့်ကျောင်း (ရန်ကုန်)
ကျော်ကြားမှုအရင်းခံလူမှုရေး ဆောင်ရွက်မှု
အိမ်ထောင်ဖက်(များ)ဗိသုကာ စည်သူ ဦးတင်
သားသမီးသား ၇ ဦး၊ သမီး ၅ ဦး
ရရှိသည့်ဆုများဝဏ္ဏကျော်ထင်ဘွဲ့

ဒုတိယကမ္ဘာစစ်ကြီး မဖြစ်ပွားမီကပင်၊ ဒေါ်ခင်သက်တင်သည် လူမှုဝန်ထမ်းအဖွဲ့အစည်းများ၌ တက်ကြွစွာ ပါဝင်ပြီး စစ်ကြိုခေတ်မှ စ၍ အမျိုးသမီးကယ်ဆယ်ရေးအဖွဲ့တွင် ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ ထိုစဉ်က မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းကြီးအတွက် သားဖွားဆေးရုံ လေးရုံ ဖွင့်လှစ်ရာ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်သည်။ ၁၉၄၇-၄၈ များအတွင်း ရှားရှားပါးပါး အမျိုးသမီး သမာဓိမြို့ဝန်အဖြစ် တာဝန်ထမ်းခဲ့သည်။ ပါလီမန်ခေတ်တွင် နေရှင်နယ်ကောင်စီအမျိုးသမီးအဖွဲ့၊ တိရစ္ဆာန်များ ညှဉ်းပန်းခြင်းမှ ကာကွယ်ရေးအဖွဲ့၊ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့၊ ကင်းထောက်အမျိုးသမီးအဖွဲ့၊ အကျဉ်းထောင်များ စစ်ဆေးရေးအဖွဲ့၊ ဆေးရုံများ စစ်ဆေးရေးအဖွဲ့ စသည့် လူမှုရေးဆိုင်ရာ အဖွဲ့အစည်းများ၌ ပါဝင်ဆောင်ရွက်သည်။ ယင်းသို့ လူမှုရေးဆိုင်ရာ ကြိုးပမ်းမှုများကြောင့် နိုင်ငံတော်မှ ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်သည်။ [၁]

ဆက်စပ် ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. တင်နိုင်တိုး (ဖေဖော်ဝါရီလ၊ ၂၀၁၃)။ ပါလီမန်ခေတ် ထင်ပေါ်ကျော်ကြား မြန်မာအမျိုးသမီးများ။ မဇ္ဈိမစာပေ။ p. ၃၈။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)