ခဆဂိတောင် (笠置山, Kasagi-yama) သည် ဂျပန်နိုင်ငံခန်ဆိုင်းဒေသကျိုတိုစီရင်စုခဆဂိမြို့တွင် တည်ရှိသည့် ၂၈၉ မီတာအမြင့်ရှိသည့် တောင်တစ်ခု ဖြစ်သည်။ ဤတောင်ရှိ ကျောက်တုံးများ၏ ပုံသဏ္ဌာန်သည် ထူးခြားမှုရှိသည့်အတွက် ထင်ရှားသည်။ ထို့အပြင် ကမာကူရခေတ်ကာလအဆုံးပိုင်းတွင် ဖြစ်ပွားခဲ့သည့် ခမ်းမုပြုပြင်ပြောင်းလဲမှု၏ တိုက်ပွဲများသည် ဤတောင်တွင်ဖြစ်ပွားခဲ့ကြသည်။ ဤတောင်ကို ၁၉၃၂ ခုနှစ်တွင် နိုင်ငံတော်၏ သဘာဝအလှအပနေရာနှင့် နိုင်ငံ၏ သမိုင်းဝင်နေရာအဖြစ်သတ်မှတ်ကာ ဥပဒေဖြင့် ကာကွယ်ထားသည်။ ဤတောင်သည် ခဆဂိယာမစီရင်စုသဘာဝဥယျာဉ်၏ နယ်မြေအတွင်းတွင် တည်ရှိသည်။[]

ခဆဂိတောင်
Mount Kasagi
အမြင့်ဆုံးအမှတ်
အမြင့်၂၈၉ m (၉၄၈ ft)
ကိုဩဒိနိတ်34°45′24″N 135°56′38″E / 34.75667°N 135.94389°E / 34.75667; 135.94389ကိုဩဒိနိတ်: 34°45′24″N 135°56′38″E / 34.75667°N 135.94389°E / 34.75667; 135.94389
ပထဝီဝင်
ခဆဂိတောင် သည် Kyoto Prefecture တွင် တည်ရှိသည်
ခဆဂိတောင်
ခဆဂိတောင်
ခဆဂိတောင် သည် ဂျပန်နိုင်ငံ တွင် တည်ရှိသည်
ခဆဂိတောင်
ခဆဂိတောင်
နိုင်ငံJapan
ပြည်နယ်Kyoto Prefecture
ဒေသKansai region
တမ်းပလိတ်:Maplink2

အကြောင်းအရာ

ပြင်ဆင်ရန်

ဤတောင်သည် ကျိုတိုစီရင်စု၏ တောင်ဘက်၊ ခိဇုမြစ်၏ တောင်ဘက်မြစ်ကမ်းတွင် တည်ရှိသည်။ တောင်၏ မြောက်ဘက်တွင် ခိုတိုင်းဂျိ တည်ရှိသည်။ ဤတောင်ရှိ ကျောက်တုံးများနှင့် ကျောက်ဆောင်များသည် ထူးခြားသည့် ပုံသဏ္ဌာန်ရှိကြသည့်အတွက် ရှေးခေတ်ကာလကတည်းက ရှုဂန်းဒိုးကျင့်စဉ် (Shugendō) ကျင့်ရာ အဓိကနေရာ ဖြစ်ခဲ့သည်။ သို့သော်လည်း တောင်ရှိကျောင်းတော်များအားလုံး၏ သမိုင်းကြောင်းကိုမူ တိကျရှင်းလင်းစွာ မသိရှိရပေ။ အလယ်ခေတ်ကာလ "ခဆဂိ-ဒဲရအန်းဂိ" ရှိ မှတ်တမ်းများတွင် ဘုရင်ခိုးဘွန်း သို့မဟုတ် ဘုရင်တန်းမု သည် ဤတောင်တွင် ဟခုဟိုးကာလအတွင်း၌ ကျောင်းတော်တစ်ခု တွေ့ရှိခဲ့သည်ဟု ဖော်ပြထားသည်။ သို့သော်လည်း ခဆဂိကျောင်းတော်သည် တိုးဒိုင်းဂျိနှင့် နာရမြို့ရှိ ခိုးဖုခုဂျိ စသည်တို့နှင့် ဆက်စပ်မှုရှိသည်။ ခဆဂိကျောင်းတော်သည် ဂျပန်နိုင်ငံ၏ ဗုဒ္ဓဘာသာသမိုင်းတွင် အရေးပါသည့် ကျောင်းတော်တစ်ခု ဖြစ်ပြီး များစွာသော ထင်ရှားသည့် ဆရာတော်များသည် ဤကျောင်းတွင် ကျောင်းထိုင်ဆရာတော်ဖြစ်ခဲ့ကြသည်။

ပြင်ပလင့်များ

ပြင်ဆင်ရန်
  1. Kasagiyama Prefectural Natural ParkKyōto Prefecture။ 4 February 2012 တွင် ပြန်စစ်ပြီး။