ခဆွတ်ရမြစ် (桂川, Katsura-gawa) ဂျပန်နိုင်ငံရှိ မြစ်တစ်ခုဖြစ်ပြီး ကျိတိုမြို့နှင့် မခဲအိုခမြို့တို့ကို ပိုင်းခြားကာ ကွေ့ကောက်စီးဆင်းသည်။ ဤမြစ်သည် အခြားသောမြစ်နှစ်ခုဖြစ်သည့် ဟိုဇုမြစ်နှင့် အိုးအိမြစ်တို့ ဆက်လက်စီးဆင်းရာ မြစ်လည်း ဖြစ်သည်။ ဤမြစ်သည် တောင်များမှ အဖျားခံဖြစ်ပေါ်လာပြီး အရရှိယာမရှိ တိုဂဲဆွတ်ခယောတံတားမတိုင်မီအထိ ဖြည်းညင်းစွာ စီးဆင်းသည်။[၁] ထိုတံတားနေရာမှစတင်၍ “ခဆွတ်ရမြစ်” ဟု ခေါ်ဆိုကြသည်။ ဤမြစ်သည် ကျိုတိုစီရင်စုအတွင်း ကီလိုမီတာများစွာ စီးဆင်းပြီးနောက်တွင် ခမိုမြစ်နှင့် အုဂျိမြစ် စသည့်မြစ်များနှင့် တွေ့ဆုံပေါင်းစပ်သွားသည်။

ခဆွတ်ရမြစ်
တိုဂဆွတ်ခယောတံတား
CountryJapan
အချက်အလက်များ
စီးဝင်ရာနေရာYodo River
အလျား၁၀၇ km (၆၆ mi)
မြစ်ဝှမ်း အချက်အလက်များ
မြစ်စနစ်Yodo River
မြစ်ဝှမ်းအရွယ်၁,၁၅၉ km2 (၄၄၇ sq mi)

ခဆွတ်ရမြစ်၏ ဧရိယာပတ်ဝန်းကျင်တွင် ကျိုတိုမြို့၏ ရှေးအကျဆုံးသော နတ်ကျောင်းများ တည်ရှိသည်။ ဥပမာအားဖြင့် မဆွတ်အိုနတ်ကျောင်း ဖြစ်သည်။ စီးဆင်းရာလမ်းကြောင်းတစ်လျှောက်တွင် စိုက်ပျိုးရေးလုပ်ငန်းများလုပ်ဆောင်နိုင်သည့် ရေများကို ဤမြစ်က အထောက်အပံ့ပေးလျက်ရှိသည်။ နွေရာသီတွင် ဝိုင်းဖွဲ့စားသောက်ပွဲပြုလုပ်ရန် ထင်ရှားသည့်နေရာတစ်ခုလည်း ဖြစ်သည်။

ရုပ်ပုံများ

ပြင်ဆင်ရန်

ပြင်ပလင့်များ

ပြင်ဆင်ရန်

34°52′50″N 135°40′41″E / 34.880548°N 135.678056°E / 34.880548; 135.678056ကိုဩဒိနိတ်: 34°52′50″N 135°40′41″E / 34.880548°N 135.678056°E / 34.880548; 135.678056 (confluence with Kizu River and Uji River)

  1. Togetsu-kyo Bridge။ Kyoto City Tourism Association။ 14 November 2020 တွင် ပြန်စစ်ပြီး။