[၁]အရိယာတို့၏ သစ္စာလေးပါးအမှန်တရားကို အမှန်အတိုင်းမသိပဲ ဆင်းရဲဒုက္ခ အဆုံး (နိဗ္ဗာန်)ကို မျက်မှောက်ပြုနိုင်လိမ့်မည်-ဟု ပြောဆိုနိုင်သော အကြောင်းမရှိပုံကို ရှားရွက်, သျှစ်သျှာရွက်, ထင်းရှူးရွက်တို့ကို ဖက်ခွက်ပြုလုပ်၍ ရေခပ်ခြင်း နားချောင်းပြုလုပ်၍ နားပန်ခြင်း မဖြစ်နိုင်သကဲ့သို့၎င်း၊ ပဒုမာကြာရွက်, ပေါက်ရွက်, ခွေးတောက်ရွက်တို့ကို ဖက်ခွက်ပြုလုပ်၍ ရေခပ်ခြင်း, နားချောင်းလုပ်၍ ပန်နိုင်သကဲ့သို့ ထို့အတူ အရိယာပုဂ္ဂိုလ်တို့၏ သစ္စာလေးပါးအမှန်တရားကို အမှန်အတိုင်း ထိုးထွင်း၍ သိမှသာ ဆင်းရဲ၏အဆုံး နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သောအကြောင်း ရှိ၏-ဟု ဟောတော်မူသည့်သုတ်။ [၂]

ကိုးကား ပြင်ဆင်ရန်

  1. -သံ၊၃၊၃၈၃-၄။ သံ၊မြန်၊၃၊၃၉၀-၁။ သံ၊ဋ္ဌ၊၃၊၃၂၀။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၁၂-သစ္စသံယုတ္တ၊ ၄-သီသပါဝနဝဂ္ဂ၊ ဒုတိယသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ