ခနဲဆေးခြင်းဆိုသည်မှာ သုံး၍မရတော့သဖြင့် လွှတ်ထား သော တွင်းဟောင်းများနှင့် မလို၍ စွန့်ပစ်ထားသော ဗြုန်း မြေမှုန့်များမှ အဖိုးတန်ကျောက်များကို ရေတွင် ကျင်ယူသော နည်းတစ်မျိုး ဖြစ်သည်။

အထူးသဖြင့် တောင်ကမ်းပါးများတွင် တူးဖော်၍ ရေနှင့် တိုက်စားချေဖျက်ရသော မျောတွင်းဟု ခေါ်သော တွင်းအနီး အနားများကို ခနဲဆေးခြင်းကို ပြုလုပ်ကြ၏။

ခနဲဆေးခြင်းဖြင့် တစ်ခါတစ်ရံတွင် ထောင်တန်သောင်းတန် ပတ္တမြားနှင့် ကျောက်ကောင်းများကို ရရှိတတ်သည်။ ပတ္တမြား ကျောက်တူးသမားတို့သည် မိမိတို့ကျောက်တွင်းမှ အလိုရှိသော ကျောက်များကို အထပ်ထပ်အခါခါ ဆေးကြောသဲ့ငင် ယူပြီး နောက်၊ အလိုမရှိသော ဗြုန်းမြေမှုန့်ခေါ် ကနယ်မြေကို ချောင်း ကမ်းပါးနှင့် မျောများအနီး စွန့်ပစ်ထားကြသည်။ ထိုကနယ် မြေကို မိန်းမများက ပုတ်တောခေါ် ဝါးဆန်ခါတွင် ထည့်၍ ရေဖြင့် ဆေးကြောယူလေ့ရှိသည်။ ကနယ်မြေကို ဆေး၍ ယူရ သောကြောင့် ကနယ်ဆေးသည်ဟု ခေါ်သည်၊ နောင်စကား ရွေ့လျောလာရကား ခနဲဆေးသည်ဟု ဆိုကြသည်။

ခနဲဆေးခြင်းအလုပ်ကို များသောအားဖြင့် မိန်းမများသာ ပြုလုပ်လေ့ရှိသည်။ အကြောင်းဆိုသော် အမျိုးသမီးများမှာ အားအင်နည်းသူများ ဖြစ်ကြသဖြင့် ကျောက်တွင်းလုံးလုပ်ငန်း မောတွင်းလုပ်ငန်းများတွင် ယောက်ျားများနည်းတူ အကြမ်း အတမ်း မခံနိုင်သောကြောင့် ဖြစ်သည်။ ခနဲဆေးခြင်းအလုပ်ကို လုပ်ကိုင်ရန်အတွက် လိုင်စင်ယူရန်မလိုချေ။ []

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)