ထိန်းချုပ်မှုကက်ဘိနက် ယခုအခါ ဟောင်းစတိုင်းရှိဂျာမန်ပြတိုက်တစ်ခုတွင်အပ်ထားသည့်ကက်ဘိနက်တစ်ခုဖြစ်သည်။

ခန်းဝင်ပစ္စည်းပြင်ဆင်

မြန်မာဗုဒ္ဓအယူဝါဒီတို့တွင် သတို့သားနှင့် သတို့သမီးတို့ လက်ထပ်ထိမ်းမြားပေးသည့်အခါ သူတို့အဖို့ အိမ်ထောင်သစ် တစ်ခု တည်ဆောက်ရန်အတွက် နှစ်ဦးနှစ်ဖက်သော မိဖများက ပစ္စည်းဥစ္စာ၊ လယ်ယာမိုးမြေ၊ ရွှေငွေရတနာ စသော လက်ဖွဲ့ ပစ္စည်းများကို ဝိုင်းဝန်းပေးကမ်းလေ့ရှိကြသည်။ ထိုသို့ပေးကမ်း ရရှိသော လက်ဆောင်ပဏ္ဏာများကို ဗုဒ္ဓဘာသာဓမ္မသတ်ကျမ်းဂန် များတွင် ခန်းဝင်ပစ္စည်းဟု ခေါ်ဆိုသည်။ သို့ရာတွင် ယခုအခါ ခန်းဝင်ပစ္စည်း၏ အဓိပ္ပာယ်မှာ ပိုမိုကျယ်ပြန့်လာကာ မိဘက ပေးသော လက်ဖွဲ့ပစ္စည်းများသာမဟုတ်ဘဲ ဆွေမျိုးညာတိ၊ မိတ်သင်္ဂဟများက ပေးကမ်းချီးမြှင့်ကြသော လက်ဖွဲ့ပစ္စည်းများ ကိုပါ ခန်းဝင်ပစ္စည်းစာရင်းထဲတွင် ထည့်သွင်းသတ်မှတ်ထား လျက်ရှိသည်။

ခန်းဝင်ပစ္စည်း ပေးခြင်းနှင့် စပ်လျဉ်း၍ မနုကျယ်ဓမ္မသတ် တွင် 'အကြင်သမီးကို ပေးစားသည့်ကာလ၊ အသွင်ဥစ္စာပဏ္ဏာ ပေးကောင်းသည်မတောင်း၊ သမီးနှင့် ယောက်ျားငယ် သင်နေ ပြီးမှ အသွင်လက်ဆောင် ရကောင်းသေးသည်။ ယောက်ျားငယ် မိဘ၊ ယောက်ျားငယ်ကို တောင်းသော်မရရှာချေ။ အဘယ် ကြောင့်နည်းဟူမူကား ရှေးမဆိုချေသောကြောင့်တည်း'ဟူ၍ လည်းကောင်း၊ ရေးသားပါရှိသည်။ အဓသံခိပ် ဓမ္မသတ်လင်္ကာ ၌လည်း 'သမီးကျေးဇူး၊ ရွယ်လူးလုလင်၊ အတင်တင်က၊ ကြည်လင်ပေးကမ်း၊ လက်ဖက်ကွမ်းကို၊ လှမ်းစားပိုင်၏။ ဖြီးခိုင်သွင်းနှံ၊ ခံပြီးမူကား၊ လွဲထိမ်းမြားက၊ ကြည်လင်ပေးကမ်း၊ လက်ဖက်ကွမ်းကို၊ လှမ်းစားပိုင်၏။ ဖြီးခိုင်သွင်းနှံ၊ ခံပြီးမူကား၊ လွဲထိမ်းမြားက၊ သွင်းနှစ်ဆပြန်၊ သွင်းတိုင်းပြန်လစ်၊ ကာမ ပြစ်သာ၊ သုံးချက် မှာ၏'ဟု ဖော်ပြထားလေသည်။

အမှန်စင်စစ် ဗုဒ္ဓအယူဝါဒီမြန်မာလူမျိုးတို့ လက်ထပ်ရေး တွင် အကြင်လင်မယားဖြစ်မြောက်ရန်အတွက် အခမ်းအနားများ ကျင်းပခြင်း၊ ခန်းဝင်ပစ္စည်းများ ပေးခြင်းကို မပြုမနေရဟု သတ်မှတ်ထားခြင်း မရှိပေ။ ဗုဒ္ဓအယူဝါဒီ မြန်မာလူမျိုးတို့အဖို့ လက်ထပ်ထိမ်းမြားခြင်းမှာ လူမှုရေးရာသက်သက်မျှသာ ဖြစ် သဖြင့် ယောက်ျားလေးတစ်ဦးနှင့် မိန်းကလေးတစ်ဦးတို့သည် အကြင်လင်မယားအဖြစ် အတူတကွ သဘောတူ ပေါင်းသင်း နေထိုင်ခြင်းသာ အဓိကဖြစ်သည်။ ထို့ကြောင့် လက်ထပ် ထိမ်းမြားရာ၌ ခန်းဝင်ပစ္စည်းပေးခြင်းသည် အဓိကအချက် မဟုတ်ချေ။ မိဖဆွေမျိုးများ၏ အခြေအနေ အဆင့်အတန်း အလိုက် မိမိတို့ သဘောအလျောက် ချီးမြှင့်ထောက်ပံ့ခြင်းသာ ဖြစ်၏။ ယခုခေတ်တွင် ခန်းဝင်ပစ္စည်းအဖြစ်ဖြင့် မရွေ့မပြောင်း နိုင်သော ပစ္စည်းတစ်စုံတစ်ရာကို ပေးကမ်းလိုလျှင် မှတ်ပုံတင် စာချုပ်များ ပြုလုပ်၍ ပေးကမ်းမှသာ တရားဝင်သော ခန်းဝင် ပစ္စည်း ဖြစ်မြောက်နိုင်သည်။

အိမ်ထောင်ဦးတွင် ရရှိသော လက်ဖွဲ့ပစ္စည်းများအပြင် သတို့သား၌ဖြစ်စေ၊ သတို့သမီး၌ဖြစ်စေ၊ မိမိနှင့် အတူပါလာ သော အမွေအနှစ်၊ သို့မဟုတ် ကိုယ်ပိုင်ပစ္စည်းများကို ခန်းဝင် ပစ္စည်းအဖြစ်သို့ ပြောင်းလွဲထည့် သွင်းလိုက ထည့်သွင်းနိုင်ပေ သည်။ ဗုဒ္ဓဘာသာဓမ္မသတ်ကျမ်းအရ ခန်းဝင်ပစ္စည်း မှန်သမျှ ကို ဇနီးမောင်နှံ နှစ်ဦးတို့ အခွင့်အရေးတူညီစွာ ပိုင်ဆိုင်ကြ လေသည်။

အိမ်ထောင်ဦးတွင် ပစ္စည်းပေးကမ်းခြင်း ထုံးတမ်းစဉ်လာ မှာ ကမ္ဘာအရပ်ရပ်တွင် ရှေးအခါကပင် ထွန်းကားပေါ်ပေါက်ခဲ့ ကြောင်း အထောက်အထားများ တွေ့ရှိရသည်။ တရုတ်လူမျိုး နှင့် ဟိန္ဒူလူမျိုးတို့မှာ မိန်းကလေးဘက်မှ ခန်းဝင်ပစ္စည်းပေး၍ လက်ထပ်လေ့ရှိကြသည်။ မွတ်စလင်တို့၏ လက်ထပ်ရေးတွင်မူ 'မဟာ'ခေါ် ခန်းဝင်ပစ္စည်းပေးမှုမှာ အဓိကအချက် ဖြစ်သည်။ ခန်းဝင်ပစ္စည်းကို လက်မထပ်မီဖြစ်စေ၊ လက်ထပ်သည့်အချိန် တွင် ဖြစ်စေ၊ လက်ထပ်ပြီးနောက်မှဖြစ်စေ၊ သတို့သားက သတို့သမီးသို့ ပေးရသည်။ ထိုမဟာပစ္စည်းမှာ ဇနီးဖြစ်သူ၏ တစ်ဦးတည်းပိုင်ပစ္စည်း ဖြစ်တော့သည်။ ခရစ်ယန်တို့တွင် သတို့သားက မိမိ လက်ထပ်မည့် မိန်းကလေးကို လက်ဆောင် ပဏ္ဏာများ ပေးကမ်းလေ့ရှိသော်လည်း ခန်းဝင်ပစ္စည်းကိုမူ မိန်းကလေးဘက်က ပေးလေ့ရှိသည်။ သတို့သားနှင့် သတို့ သမီးတို့သည် လင်ခန်းမယားခန်းအဖြစ် အတူနေသည့် အချိန် အတွင်းများတွင် မိန်းကလေးဘက်မှပါလာသော ခန်းဝင်ပစ္စည်း များကို လင်ယောက်ျားကသာ ထိန်းသိမ်းစောင့်ရှောက်ရလေ သည်။

မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားများ ဖြစ်ကြသော ရှမ်း၊ ကရင်၊ ဂျင်းဖော၊ ချင်းလူမျိုးများတွင်မူ ယောက်ျား ကလေးဖက်မှ ခန်းဝင်ပစ္စည်း ပေးကမ်းရသော စံနစ်များ ရှိလေသည်။

ရှေးက မြန်မာနိုင်ငံတွင် သတို့သား မိဘ သတို့သမီး မိဘအားလည်းကောင်း၊ ခန်းဝင်ပစ္စည်းတင်၍ တောင်းရမ်း ထိမ်းမြားပေးခြင်း စနစ်များ ထွန်းကားခဲ့သော်လည်း ယခုအခါ ထိုစနစ်များ မရှိသလောက် ပပျောက်လာချေပြီ။

[၁]

ကိုးကားပြင်ဆင်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)