ခမိုမြစ်
ခမိုမြစ် ခမိုဂဝ (鴨川 Kamo-gawa , duck river – see onomastics) သည် ဂျပန်နိုင်ငံ၊ ကျိုတိုစီရင်စုတွင်တည်ရှိသည့် မြစ်တစ်စင်း ဖြစ်သည်။ မြစ်ကမ်းဘေးများသည် လမ်းလျှောက်ကြသူများ၊ နိုင်ငံခြားခရီးသွားများနှင့် အားကစားလုပ်ကြသူများအကြားတွင် ထင်ရှားသည်။ နွေရာသီကာလ၌ မြစ်ကမ်းဘေးတွင် စားသောက်ဆိုင်တန်းများထိုးကာ ရောင်းချကြသဖြင့် မြစ်ကိုငေးမောကြည့်ရှုရင်း စားသောက်နိုင်ကြသည်။ မြစ်တစ်လျောက်တွင် လျှောက်လမ်းပြုလုပ်ထားသည်။ အချို့သောနေရာများတွင် မြစ်၏ ဟိုဘက်ကမ်းသည်ဘက်ကမ်းကို ကူးသွားနိုင်ရန် ကျောက်တုံးလမ်းလေးများလည်း ပြုလုပ်ပေးထားသည်။ မြစ်၏ ရေအနက်သည် အမြဲတမ်းအားဖြင့် တိမ်ပြီး အချို့သောနေရာများတွင် တစ်မီတာထက်ပင် နည်းသေးသည်။ မိုးရာသီကာလတွင်မူ မြစ်ကမ်းဘေးနားတွင် ပြလုပ်ထားသည့် လျှောက်လမ်းများသည် တစ်ခါတရံ ရေနစ်မြုပ်သည်လည်း ရှိသည်။
ခမိုမြစ် | |
---|---|
မြစ်ကမ်းတစ်လျှောက် ပွင့်နေသည့် ချယ်ရီပန်းများ | |
Country | Japan |
အချက်အလက်များ | |
စီးဝင်ရာနေရာ | Yodo River |
အလျား | ၃၁ km (၁၉ mi) |
မြစ်ဝှမ်း အချက်အလက်များ | |
မြစ်စနစ် | Yodo River |
မြစ်ဝှမ်းအရွယ် | ၂၁၀ km2 (၈၁ sq mi) |
ထို့အပြင် ဤမြစ်သည် ခမိဂမိုနတ်နန်းနှင့် ရှိမိုဂမိုနတ်နန်း၊ ချင်ဂျုနိုမိုရိနှင့် တဒဆုနိုမိုရိ စသည့်ထိန်းသိမ်းထားသည့် တောအုပ်များ ရှိသည့်အတွက်လည်း ထင်ရှားသည်။
မြေမျက်နှာသွင်ပြင်
ပြင်ဆင်ရန်ခမိုမြစ်နှင့် တခနိုမြစ်တို့ဆုံရာ မြစ်ကမ်းစပ်ကို တဒဆုမြစ်ကမ်းဟု သိကြသည်။ ဂျပန်ဘာသာစကားဖြင့် တဒဆုဂဝရ (Jp., Tadasu-gawara 糺河原) ဟု ခေါ်သည်။ ထိုမြစ်နှစ်ခုဆုံရာနေရာသည် တြိဂံပုံသဏ္ဌာန်ရှိပြီး ၎င်းနေရာတွင် ရှိမိုဂမိုနတ်ကျောင်းလည်း ရှိသည်။[၁]
အမည်နာမ
ပြင်ဆင်ရန်သမိုင်းကြောင်း
ပြင်ဆင်ရန်၁၈ ရာစုအကုန်တွင် ဟဲအိအန်မြို့တော်အသစ် (လက်ရှိ - ကျိုတိုမြို့) တွင် နန်းတော်ကို တည်ဆောက်ခဲ့ကြသည်။ မြစ်၏ လမ်ကြောင်းကိုလည်း နန်းတော်၏ အရှေ့ဘက်မှ ဖြတ်သန်းစီးဆင်းအောင် ပြုလုပ်ခဲ့ကြသည်။[၂] ရေကြီးမှုများသည်လည်း ရှေးဟောင်းမြို့တော်ကို ဒုက္ခပေးခဲ့သည်။ ရှိရခဝဘုရင်သည် မိမိထိန်းချုပ်၍ မရနိုင်သည့်အရာများအဖြစ် ဆိုးဟဲအိ (အန်းရခုကျောင်းတော်ရှိ လက်နက်ကိုင်ဆောင်ထားသည့် ဘုန်းတော်ကြီး)၊ ကြွေအန်ကစားခြင်းနှင့် ခမိုဂဝရှိ မြစ်ရေတို့ကို ဖော်ပြခဲ့သည်။ လက်ရှိကာလတွင် ကွန်ကရစ်များ၏ မြစ်ကမ်းပါးများကို ပြုပြင်ထိန်းသိမ်းထားပြီး ရေစီးဆင်းသည့်စနစ်ကိုလည်း အဆင့်မြှင့်တင်ထားသည်။ ကုန်သည်တစ်ဦးဖြစ်သည့် ဆုမိနိခုရရောအိသည် ခမိုမြစ်နှင့်အပြိုင် တခဆဲမြစ်ကို ၁၇ ရာစုအစောပိုင်းတွင် တူးဖော်ခဲ့သည်။ မြစ်သည် ရေစီးကြောင်း မတည်ငြိမ်သည့်အတွက် တူးမြောင်းတူး၍သာ ပို့ဆောင်ဆက်သွယ်မှုများ လုပ်နိုင်သည့်အတွက် ဖြစ်သည်။
ဂေါ့ဂျောတံတား (လက်ရှိရှိနေသည့် တံတားမဟုတ်၊ မဆုဘရတံတား ဟု ယူဆရန်ရှိ) တွင် မိနမိုတိုနိုယောရှိဆုနဲ နှင် ဘန်းခဲအိတို့ တွေ့ဆုံခဲ့ကြသည့် ထင်ရှားသည့် သမိုင်းကြောင်းဇတ်လမ်းသည်လည်း ဟဲအိအန်ခေတ်ကာလနှောင်းပိုင်းတွင် တည်ရှိခဲ့သည်။ အဲဒိုခေတ်ကာလတွင် ဆန်းဂျောတံတားကို တိုးခိုင်ဒိုးဒေသ၏ အနောက်ဘက်အဆုံးနေရာအဖြစ် သတ်မှတ်ခဲ့သည်။
ယခင်က ဤမြစ်သည် ကျိတိုမြို့တွင် နေထိုင်သူများအတွက် အရေးပါသည့် သောက်သုံးရေရင်းမြစ် ဖြစ်ခဲ့သည်။ ဤမြစ်သည် ကျိုတို-ယုဇန်းဆေးဆိုးပန်းရိုက်လုပ်ငန်း၏ အဓိကကျသည့် အခန်းတွင်လည်း ပါဝင်ခဲ့သည်။[၃]
ဂျပန်ရိုးရာ "ရခု" အိုးလုပ်ငန်းတွင် အသုံးပြုသည့် စဉ့်များကို ဤမြစ်မှ ကျောက်တုံးများမှ တဆင့်ရရှိသည်။
ခမိုမြစ်သည် ဂျပန်ရိုးရာပြဇာတ်ဖြစ်သည့် "ခဘုခိ" မွေးဖွားရာအရပ်လည်း ဖြစ်သည်။ ၁၆၀၃ ခုနှစ်တွင် အိဇုမိုနိုအိုခုနိသည် မြစ်ကြမ်းပြင်၏ ခြောက်သွေ့သည့်နေရာများတွင် အမျိုးသမီးပြဇာတ်အဖွဲ့ကို ဖွဲ့စည်းပြီး ကပြတင်ဆက်ခဲ့ကြသည်။[၄]
ရုပ်ပုံများ
ပြင်ဆင်ရန်ပြင်ပလင့်များ
ပြင်ဆင်ရန်ကိုဩဒိနိတ်: 34°55′53″N 135°44′14″E / 34.931416°N 135.737236°E
ကိုးကား
ပြင်ဆင်ရန်- ↑ Kyoto Daijiten, entry for Tadasu-gawara.
- ↑ Kodansha Encyclopedia of Japan, entry for "Kamogawa." (Kodansha Ltd., 1983)
- ↑ Raku Pottery · A Brief History and Guide to Raku-yaki · 2000 Cranes။
- ↑ Okuni | Kabuki dancer (in en)။ 2019-05-05 တွင် ပြန်စစ်ပြီး။